(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုယာဉ်အစီအစဉ်ဖြင့်ပါဝင်၍ ဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်အထူးဆုဖလားနှင့် ဂုဏ်ပြု ဆုငွေ အပ်နှင်း နေပြည်တော် ဇန်နဝါရီ ၆
Image

ဒုတိယဝန်ကြီးအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုယာဉ်အစီအစဉ်ဖြင့်ပါဝင်၍ ဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်အထူးဆုဖလားနှင့် ဂုဏ်ပြု ဆုငွေကို ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများမှ အပ်နှင်းပါသည်။ 

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများသည် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ပြသထားသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင်ပါဝင်ပြီး အထူးဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်နှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားရိုးရာ အကအဖွဲ့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းရှေ့တွင် ဖျော်ဖြေတင်ဆက်ကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လာရောက်လေ့လာ ကြည့်ရှုကြသည့် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image