(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ နေပြည်တော် ဇန်နဝါရီ ၇
Image

 (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ဂုဏ်ပြုစစ်ရေးပြ အစီအစဉ်၊ ဂုဏ်ပြုယာဉ်အစီအစဉ်နှင့် ဝန်ကြီးဌာနကိုယ်စားပြုပြခန်း ခင်းကျင်းပြသရေး အစီအစဉ်နှင့် တိုင်းရင်းသားရိုးရာအက ဖျော်ဖြေရေးအစီအစဉ်တို့တွင် ပါဝင်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီ  ၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် အရာထမ်း၊ အမှုထမ်းများ  တက်ရောက်ခဲ့ကြပါသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ ဂုဏ်ပြုစစ်ရေးပြအစီအစဉ်၊ ဂုဏ်ပြုယာဉ်အစီအစဉ်နှင့် ဝန်ကြီးဌာနကိုယ်စားပြုပြခန်း ခင်းကျင်းပြသရေးအစီအစဉ်နှင့် တိုင်းရင်းသားရိုးရာအက ဖျော်ဖြေရေးအစီအစဉ်တို့တွင် အောင်မြင်စွာပါဝင်ဆောင်ရွက်ခဲ့ကြသော အရာထမ်း၊ အမှုထမ်း များအားလုံး၊ ပံ့ပိုးကူညီခဲ့ကြသောအုပ်ချုပ်မှုအဖွဲ့နှင့် အထောက်အကူပြု အရံအဖွဲ့များအားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းသည် ဝန်ကြီးဌာန၏စည်းစည်းလုံးလုံး ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကောင်းကျိုး၊ ပြည်သူ ပြည်သားကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဒို့တာဝန် အရေး(၃)ပါး၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို အလေးထား  ဆောင်ရွက် နေသကဲ့သို့ မိမိတို့ဝန်ထမ်းများကလည်း လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သင်တန်းများလည်း ဖွင့်လှစ်ပေးလျက်ရှိ ပါကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ “Unity is Strength” “စည်းလုံးခြင်းသည်အင်အား” ဆိုသည့်စကားအတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

 ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင်ပါဝင်၍ ဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်အထူးဆုဖလားနှင့် ဂုဏ်ပြုဆုငွေကို ပြည်ထောင်စုဝန်ကြီးအား ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အပ်နှင်းပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ဂုဏ်ပြုစစ်ရေးပြအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများကိုယ်စား ပြည်ထောင်စု ဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်အားလည်းကောင်း၊ ဒုတိယဝန်ကြီးက ဂုဏ်ပြုယာဉ်အစီအစဉ် တွင်ပါဝင်ခဲ့ကြသူများကိုယ်စား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်အားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်း ခင်းကျင်းပြသရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများကိုယ်စား တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အားလည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ပါသည်။

 ၎င်းနောက် ဒုတိယဝန်ကြီးက ကျေးဇူးတင်အမှာစကားပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ကြုံတောင့်ကြုံခဲ အောင်မြင်စွာပါဝင်နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နောက်နောင် ယခုကဲ့သို့ပွဲများတွင်လည်း စည်းလုံး ညီညွတ်စွာဖြင့် ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ယခုထက်မက တိုးမြှင့်ကြိုးစားကြစေလိုပါကြောင်း၊ သို့မှသာဝန်ကြီးဌာန၏ အခန်းကဏ္ဍမြင့်မားလာမည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

 ထို့နောက် ဝန်ထမ်းများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံ၍ တိုင်းရင်းသား ရိုးရာ အကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image