ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့သည် ၃၁-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ၇၅ နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကိုယ်စားပြုပြခန်း ခင်းကျင်းနေမှုကို လာရောက်ကြည့်ရှုအားပေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကြိုဆိုရှင်းလင်းပြသခဲ့ပါသည်။
ဒုတိယဝန်ကြီးဦးဇော်အေးမောင်သည် ၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်မှ ဖျော်ဖြေရေးဆောင်ရွက်ကြမည့် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အားသွားရောက်တွေ့ဆုံခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။