(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ခရစ္စမတ်အကြို ဝန်ထမ်းများနှင့်မိတ်ဆုံစားပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဒီဇင်ဘာ ၁၈
Image

 (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ခရစ္စမတ်အကြို ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင်  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပါဝင်ဆောင်ရွက်နေကြသည့် မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို အားပေးချီးမြှောက်သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ကျင်းပ ရခြင်းဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ပြည့်မီချိန်တွင် မိမိတို့ရှိ နေသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစရာကောင်းပါကြောင်း၊ မြန်မာနိုင်ငံသည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့် နေထိုင်လာခဲ့ကြရာမှ စည်းလုံးညီညွတ်မှုအားနည်းခဲ့သဖြင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါကြောင်း၊ ထိုမှတဖန် တိုင်းရင်းသားများ၏ စုစည်းညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်မှာ မကြာမီကာလတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တို့တာဝန် အရေး(၃)ပါးကို အစဉ်ဦးထိပ်ထားရန် လိုအပ်ပါကြောင်း၊  ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားလုံးပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဟူ၍ ဘာသာကြီး (၄) ခု ရှိပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပါကြောင်း၊ ခရစ္စမတ်နေ့ဆိုသည်မှာ သခင်ယေရှုခရစ်တော် မွေးဖွားသည့်နေ့ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ခရစ္စမတ်ပွဲတော်ကိုကျင်းပကြပါကြောင်း၊ ခမည်းတော်ဘုရားသည် သားတော်ကို လောကသား များအတွက် မေတ္တာတရားဖြင့် စွန့်လွှတ်ပေးခဲ့ပါကြောင်း၊ ခရစ္စမတ်အချိန်ကာလသည် တစ်ဦး နှင့်တစ်ဦး မေတ္တာပြသသည့်အချိန်၊ ငြိမ်းချမ်းသည့်အချိန်ဖြစ်သဖြင့် ဌာနရှိဝန်ထမ်းများကို ခရစ္စမတ်လက်ဆောင်များ ပေးဝေရခြင်းဖြစ်ပါကြောင်း၊ ခရစ္စမတ်အချိန်တွင် အားလုံး အေးချမ်း ကြပါစေကြောင်း ပြောကြားပါသည်။ 

 ထို့နောက် ပြည်ထောင်စုဝန်ကြီးမိသားစုက ဌာနရှိဝန်ထမ်းများအား ခရစ္စမတ် လက်ဆောင် ကံစမ်းမဲများ ဖောက်ပေးပြီး ဝန်ထမ်းများနှင့်အတူ‌တကွ လက်ရည်တပြင်တည်း ပျော်ပျော်ပါးပါး နေ့လည်စာသုံးဆောင်နေစဉ် ဝန်ထမ်းများက ခရစ္စမတ်တေးသီချင်းများ၊ တိုင်းရင်းသား တေးသီချင်းများ၊ အဆိုအကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေခဲ့ကြရာ ဂုဏ်ပြု ဆုငွေများချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image
Image