ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကျင်းပ
၁ - ၁၂ - ၂၀၂၂ (ကြာသပတေးနေ့)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” နှင့် “Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား” ကို (၁-၁၂-၂၀၂၂) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်၊ ဦးစီးအရာရှိ ဒေါ်မော်မော်ဦးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မှူးဦးမင်းဆွေ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်၊ ထန်းတပင် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများနှင့် ထန်းတပင်မြို့နယ်အတွင်းရှိဒေသခံ ကရင်နှင့်ဗမာ တိုင်းရင်းသားများအပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ ပုံပြပုံပြင်စာအုပ် ထုတ်ဝေ ပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်းဆိုင်ရာအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်များနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်မှ နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ၊ ပန်းခင်းစီမံချက်ဆောင် ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်း စတင်အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများပါဝင်ထည့်သွင်း၍ကျောင်းအမည်စာရင်းသွင်းရန် အကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြား ခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းမှ ဦးစီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အသေးစားစက်မှုနှင့်လက်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ဌာနမှသင်တန်းဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည့် သင်တန်းအမျိုးအစားများ၊ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုအခြေအနေ တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်က သမဝါယမ ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သမဝါယမပေါ် ပေါက်လာပုံအကြောင်း၊ သမဝါယမအသင်းချေးငွေအကြောင်း၊ ဌာနမှ ရောင်းအားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ဈေးကွက်ဖော်ဆောင်ပေးမှု၊ အသင်းဖွဲ့စည်းမှု အခြေအနေတို့ကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြပါသည်။