၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်
Image

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်

(က  နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များနှင့် ဝန်ကြီးဌာန၏ e-Government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Network Infrastructure တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်။

()      တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ထောက်ပံ့ဆောင်ရွက်သွားမည်။

()     တိုင်းဒေသကြီး/ပြည်နယ်များရှိ သဘာဝဘေးအန္တရာယ်၊ တိုက်ပွဲအန္တရာယ်များခံစားရသော တိုင်းရင်းသားများအား ကယ်ဆယ်စောင့်ရှောက်ကူညီထောက်ပံ့ခြင်းဖြင့် တိုင်းရင်းသား များ၏ ဒေသများအတွင်း လူမှုရေး၊ စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုများကို ပြန်လည်မြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်သွားမည်။

()    တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်အညီ တိုင်းရင်းသား တို့သည် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းများသို့ ထောက်ပံ့ခြင်းကို ဆောင်ရွက်သွားမည်။

()      တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်အညီ ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းနေထိုင်ကြသည့် ကရင်၊ ကယား၊ ချင်းနှင့် ရခိုင်တိုင်းရင်းသား တို့ ဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်ပွဲ များကို ကျင်းပနိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းကိုဆောင်ရွက်သွားမည်။

()     တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီ တိုင်းရင်းသား တို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာအရ ဆောင်ရွက်သော အခမ်းအနား များနှင့် နေ့ထူးနေ့မြတ်ပွဲများကိုကျင်းပနိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းကို ဆောင်ရွက်သွားမည်။

()    တိုင်းရင်းသားလူမျိုးအချင်းချင်း ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်တို့ကို သိရှိပြီး စည်းလုံး ညီညွတ်၍ ချစ်ကြည်လေးစားစေရန် တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် ပွဲတော် အခမ်း အနားများ ကျင်းပနိုင်ရန်အတွက် ထောက်ပံ့ခြင်းကို ဆောင်ရွက်သွားမည်။

()     တိုင်းရင်းသားတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများသို့ ဆောင်ရွက်သွားကြမည့် ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ ပို့ချမှုများ၊ ပြည်တွင်း/ပြည်ပ လေ့လာရေးခရီးစဉ်နှင့် ဘွဲ့လွန်သင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီသင်တန်းများသို့ ဝန်ထမ်းများစေလွှတ်သွားမည်။

()     ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ခရီးသွားလာရေးဖွံ့ဖြိုး တိုးတက်စေရန်၊ သဘာဝဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီး နိုင်ရန် ဆိပ်ခံဗောတံတားတည်ဆောက်သွားမည်။

()    အခြေခံလိုအပ်ချက်ဖြစ်သော ရုံးသုံးပရိဘောဂနှင့်အခြားလိုအပ်ချက်များကို ဖြည့်တင်း ဝယ်ယူဆောင်ရွက်သွားမည်။

()      ရုံးအဆောက်အဦ၊ ရုံးသုံးစက်ကိရိယာ၊ ယာဉ်နှင့်အခြားပစ္စည်းများအား ရေရှည်သုံးစွဲနိုင်ရန် အတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်။

()      တိုင်းရင်းသားစာပေများ တိမ်ကောမှုမရှိစေရေး တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးနှင့် တိုင်းရင်းသားဘာသာစကားများ အခြေခံသည့် သင်ရိုး ပြဋ္ဌာန်းရေး ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားမည်။

()      တိုင်းရင်းသားများနှင့်သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်၊ စကားပုံ၊ စကားထာ၊ အမည်နာမမှည့်ဆိုခြင်းနှင့် အထင်ကရပုဂ္ဂိုလ်များ၊ တိုင်းရင်းသားမဂ္ဂဇင်းစာအုပ်များ ထုတ်ဝေ၍ အသိပညာတိုးပွားစေရန် ဆောင်ရွက်သွားမည်။

()     တိုင်းရင်းသားရိုးရာ အမွေအနှစ်များဖြစ်သော ဝတ်စားဆင်ယင်ပုံ အဆင့်ဆင့်နှင့် အသုံး အဆောင်ပစ္စည်းများအား စုဆောင်း၍ ပြခန်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားမည်။

()    တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ၊ ရိုးရာအစားအစာများ၊ ရိုးရာအားကစားနည်းများနှင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါး လူမျိုးများအကြောင်း ရုပ်သံမှတ်တမ်းတင် ရိုက်ကူး ဆောင်ရွက်သွားမည်။

()    တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်များ၊ အထင်ကရပွဲတော်များ၊ အခမ်းအနားများ နှစ်စဉ် ကျင်းပပြုလုပ်နိုင်ရေးနှင့် ယဉ်ကျေးမှုရိုးရာ အကအလှများ၊ ဖျော်ဖြေတင်ဆက်ခြင်းအား ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ဆောင်ရွက်သွားမည်။

()    တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝမြှင့်တင်ရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများနှင့်သက်ဆိုင်သည့် လက်ကမ်းစာစောင်များ၊ အခြားသိမှတ်ဖွယ်ရာများအား တိုင်းရင်းသားဘာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးဆောင်ရွက်သွားမည်။

()      တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ချစ်ခင်ရင်းနှီးစွာ အကျိုးစီးပွား ဖြစ်ထွန်း နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝ မြှင့်တင်ရေးကို ဖော်ဆောင်ပေးသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ် ဆောင်ရွက်သွားမည်။

()     တိုင်းရင်းသားများ ဗဟုသုတမြင့်မားလာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုကိုရရှိစေရေး လေ့လာရေးခရီးစဉ်များ နှစ်စဉ်ကျင်းပ ပြုလုပ်ဆောင်ရွက်သွားမည်။

()      ဒေသအလိုက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းများ ဆောင်ရွက်မည်။

(ပ)     တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ အခြေခံလိုအပ်ချက် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက် မည်။

(ဖ)     တိုင်းရင်းသားဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားလူငယ်များအား သက်မွေးကျောင်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်။

()     တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ဆိုင်ရာပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြပွဲများ ပြုလုပ် ခြင်းတို့ကို ဆောင်ရွက်မည်။

(ဘ)    ဆက်စပ်ဌာနများနှင့်ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ လုပ်ငန်း စဉ်များ အကောင်အထည်ဖော်ရေး အစီအစဉ်များရေးဆွဲခြင်းတို့ကို ဆောင်ရွက်မည်။

()     လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ Ethnic Cultural Exchange Programme; “Study Visit” To Ethnic Regions in Lancang-Mekong Countries ကို ဆောင်ရွက်မည်။

()    လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် Center of Vocational Training and Ethnic Community Affairs ကို တည်ဆောက်မည်။

Image