၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်
Image

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်

(က)    အခြေခံအဆောက်အဦများ ဆောက်လုပ်ဖြည့်ဆည်းခြင်း၊ ဖွဲ့စည်းပုံနှင့်အညီဝန်ထမ်းများ ဖြည့်တင်းခန့်ထားခြင်း၊ ရုံးသုံးပစ္စည်းနှင့်ပရိဘောဂများ ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်မည်။

( )    ဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ ဘာသာရပ်ဆိုင်ရာပို့ချမှုများ၊ ပြည်တွင်း/ပြည်ပလေ့လာရေးခရီးစဉ်နှင့် ဘွဲ့လွန်သင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် နှင့်ပြည်သူ့ဝန်ထမ်းအကယ်ဒမီသင်တန်းများသို့ ဝန်ထမ်းများအားစေလွှတ်မည်။

( ဂ )    ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြုလုပ်သည့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်နှင့် ဓလေ့ထုံးတမ်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရာ၌ ပံ့ပိုးကူညီဆောင်ရွက်မည်။

(ဃ)    တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီ မည်။

( င )     တိုင်းရင်းသားတို့၏ စကား၊ စာပေ ပျောက်ကွယ်မှု မရှိစေရေးအတွက် တိုင်းရင်းသား ဘာသာ သင်ကြားသော Teaching Assistant (T.A) နှင့် Language Teacher (L.T) ခန့်ထားရေး ကိစ္စများအား ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်မည်

( စ )   တိုင်းရင်းသားတို့၏ အမည်နာမမှည့်ခေါ်ခြင်းဆိုင်ရာ သုတေသနပြုလုပ်၍ မှတ်တမ်းတင် စာအုပ်၊ စကားပုံ၊ စကားထာများနှင့် ရိုးရာပုံပြင်စာအုပ်များ ထုတ်ဝေနိုင်ရေး ဆောင်ရွက်မည်။

()    တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ဆောင်ရွက် မည်။

( )    တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတိမ်ကော မပပျောက်ရေးအတွက် တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာဓလေ့အသုံးအဆောင် ပစ္စည်းများအား ပြခန်းများပြုလုပ်၍ လိုအပ်သည်များ စုဆောင်းခင်းကျင်းပြသခြင်းကို ဆောင်ရွက်မည်။

( )   တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံများ၊ ကိုးကွယ်ယုံကြည်မှု များ၊ ပွဲတော်အခမ်းအနားများနှင့် ရိုးရာအစားအစာများအား ရုပ်သံမှတ်တမ်းတင် ရုပ်သံ ရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်။

()    တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးများတွင် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝမြင့်မား စေရန်နှင့် အသိပညာများတိုးတက်စေရန်၊ ကျန်းမာရေးလက်ကမ်းစာစောင်များ၊Covid -19 ကပ်ရောဂါနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများနှင့်ပူးပေါင်း၍ ဘာသာပြန်ဆိုပြီး တိုင်းရင်းသားများသို့ ဖြန့်ဝေ ပေးခြင်းများဆောင်ရွက်မည်။

( )    ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အဆောက်အဦများနှင့် တိုင်းရင်းသား ရိုးရာအိမ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်း၊ အလှပန်းများ ဝေဝေဆာဆာစိုက်ပျိုးခြင်း၊ မြက်ခင်းစိမ်းများဖြင့် သာယာလှပရေးနှင့် လာရောက်အပန်းဖြေလေ့လာသူများက တစ်နေရာတည်းတွင် တိုင်းရင်းသားပေါင်းစုံ၏ နေထိုင်ပုံ၊ ဝတ်စားဆင်ယင်ပုံများနှင့် ဓလေ့ စရိုက်များကို လေ့လာနိုင်စေရန် ဆောင်ရွက်မည်။

()    တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများအား တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုဖြန့်ဝေခြင်းကို ဆောင်ရွက်မည်။

( )    တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေ များ၊ တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်သည့် အခွင့်အရေးများနှင့်စပ်လျဉ်း၍ အသိပညာ ပေးခြင်းလုပ်ငန်းများကို ဒေသခံအဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းဆောင်ရွက်မည်။

( )    တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားလူမျိုးများအတွက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအား ဆောင်ရွက်မည်။

()    တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများတွင် ဖော်ဆောင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီစိစစ်၍ သဘောထားမှတ်ချက်ပြုခြင်း၊ သဘောထား မှတ်ချက်ပြု ပြီးသည့် စီမံကိန်းအကောင်အထည်ဖော်မှုများအား စောင့်ကြည့်ကြပ်မတ်ထိန်းသိမ်းခြင်းကို ဆောင်ရွက်မည်။

()    တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝအခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒေသခံတိုင်းရင်းသားများ၊ ဆက်စပ်အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာဌာနများအကြား စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပံ့ပိုးမှု ပေးခြင်း တို့ကို ဆောင်ရွက်မည်။

()    တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဥပဒေနှင့် အညီ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းနိုင်ရန် ဆောင်ရွက်မည်။

( )    နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်။

( )   ဝန်ကြီးဌာန၏ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူများ သိရှိနိုင်စေရန် Online Media များမှ တင်ပြခြင်းကို ဆောင်ရွက်မည်။

( )    အမျိုးသားမြေအသုံးချမှု မူဝါဒအရ အမျိုးသားမြေဥပဒေရေးဆွဲရေး လုပ်ငန်းများအတွက် ဖွဲ့စည်းထားသည့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည်။

( )   မြေတိုင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ပျံ့နှံ့နေထိုင်မှုနှင့် ဘာသာစကားဆိုင်ရာ အချက်အလက်များစနစ် Geographic Information System (GIS) for language Map(Pilot Project)ပါဝင်သော အခြေပြမြေပုံပြုစုခြင်းလုပ်ငန်းစီမံချက်ကို ဆောင်ရွက်မည်။

( )   မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ (၂၀၂၁-၂၀၃၀) အတည်ပြုရေးဆွဲနိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်မည်။

( )    သဘာဝဘေးအန္တရာယ်ခံစားရသည့် တိုင်းရင်းသားလူမျိုးများနှင့် တိုက်ပွဲရှောင် တိုင်းရင်းသား လူမျိုးများအား ကူညီကယ်ဆယ်စောင့်ရှောက်ရေးကို ဆောင်ရွက်မည်။

Image