၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်
Image

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်

(က)    အခြေခံအဆောက်အဦများ ဆောက်လုပ် ဖြည့်ဆည်းခြင်း၊ ဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းများ ဖြည့်တင်းခန့်ထားခြင်း၊ ရုံးသုံးပစ္စည်းနှင့် ပရိဘောဂများ ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက် မည်။

( )    ဌာနတွင်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာပို့ချမှုများ၊ ပြည်တွင်း/ပြည်ပလေ့လာရေးခရီးစဉ်နှင့် ဘွဲ့လွန်သင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် နှင့်ပြည်သူ့ဝန်ထမ်း အကယ်ဒမီသင်တန်းများသို့ ဝန်ထမ်းများအားစေလွှတ်မည်။

( ဂ )    တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်နှင့် ဓလေ့ ထုံးတမ်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာ၌ ပံ့ပိုးကူညီဆောင်ရွက်မည်။

(ဃ)    တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကူညီမည်။

( င )     တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်း တည်ထောင်ခွင့် ရရှိရေးအတွက်  ကူညီဆောင်ရွက်မည်၊

( စ )   တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့ထုံးစံများ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံများ၊ ကိုးကွယ် ယုံကြည်မှုများနှင့် ပွဲတော်များအား ရုပ်သံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်။

()    တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများအား တိုင်းရင်း သားဘာသာများသို့ ပြန်ဆိုဖြန့်ဝေခြင်းကိုဆောင်ရွက်မည်

( ဇ )   တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပ‌ဒေ များ၊ တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်သည့် အခွင့်အရေးများနှင့်စပ်လျဉ်း၍ အသိပညာ ပေးခြင်းလုပ်ငန်းများကို ဒေသခံအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်။

( ဈ )   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားလူမျိုးများအတွက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအား ဆောင်ရွက်မည်။

(ည)    Ethnic Cultural Exchange Programme ; “ Study Visit” To Ethnic Regions in Lancang – Mekong Countries ကို ဆောင်ရွက်မည်၊

( )    စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ဥပဒေနှင့်အညီစိစစ်ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဖြေရှင်းနိုင်ရန်ဆောင်ရွက်မည်၊

( )    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒေသခံတိုင်းရင်းသားများ၊ ဆက်စပ်အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာဌာနများအကြား စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပံ့ပိုးမှု ပေးခြင်းတို့ကို ဆောင်ရွက်မည်။

( ဍ )    တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဥပဒေနှင့် အညီ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းနိုင်ရန်ဆောင်ရွက်မည်။

( ဎ )    နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းဆောင်ရွက်မည်။

(ဏ)    ဝန်ကြီးဌာန၏ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူ သိရှိ နိုင်စေရန် Online Media များမှ တင်ပြခြင်းကို ဆောင်ရွက်မည်။

Image