၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်
Image

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်

(က)    တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာ စကား၊ စာပေ၊ ရိုးရာဓလေ့ ထုံးစံများ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံများ၊ ကိုးကွယ်ယုံကြည်မှုများ နှင့် ပွဲတော်များအား ရုပ်သံမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်။

()      တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကူညီ ဆောင်ရွက်မည်။

()     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် အခြေခံအဆောက်အဦများ ဆောက် လုပ်ခြင်း၊ ဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းများဖြည့်တင်းခန့်ထားခြင်း၊ ရုံးသုံးပစ္စည်းနှင့် ပရိ ဘောဂများ ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်မည်။

()    ဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းများပို့ချခြင်း၊ ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် နှင့်ပြည်သူ့ဝန်ထမ်းအကယ်ဒမီသင်တန်းများသို့ဝန်ထမ်းများစေလွှတ်မည်။

()     နေပြည်တော်ရှိ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်နှင့် ဓလေ့ထုံးတမ်း အထိမ်း အမှတ် အခမ်းအနားများ ကျင်းပရာတွင် ပံ့ပိုးကူညီဆောင်ရွက်မည်။

()     တိုင်းရင်းသားများဆိုင်ရာ အချက်အလက်များအကျဉ်းနှင့် ရိုးရာ စကားပုံ၊ စကားထာ၊ ဆိုရိုး များကို ဖော်ပြထားသည့် လက်ကမ်းစာစောင်များပြုစုဖြန့်ဝေခြင်းကို ဆောင်ရွက်မည်။

()    တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေ ထုတ်ပြန် နိုင်ရေးကို ဆောင်ရွက်သွားမည်။

()     မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၉ -၂၀၂၈) မူကြမ်းကို ပြုစုရေးဆွဲခြင်းကို ဆောင်ရွက်မည်။

()     တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းကို ဆောင်ရွက်မည်။

()    တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းတည်ထောင်ခွင့် ရရှိရေးအတွက် ကူညီဆောင်ရွက်မည်။

()        တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့်တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်မည်။

()      နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးများ နှင့်သက်ဆိုင်သည့် အသိပညာပေးခြင်း လုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

()      e-Government ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဌာနတွင်းသင်တန်း များပို့ချခြင်း၊ ပြင်ပဌာနများသို့ သင်တန်းသား စေလွှတ်ခြင်းများကို ဆောင်ရွက်မည်၊

()     ဝန်ကြီးဌာန၏ သတင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူ သိရှိနိုင်စေရန် Online Media များမှ တင်ပြခြင်းကို ဆောင်ရွက်မည်။

Image