၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်
(က) ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဦးစီးဌာန ၂ ခု၏ ညွှန်ကြားရေးမှူးရုံးများ ဆောက် လုပ်ခြင်းကို ဆောင်ရွက်မည်။
(ခ) ဝန်ကြီးရုံးနှင့် ဦးစီးဌာန ၂ ခု၏ ညွှန်ကြားရေးမှူးရုံးများအတွက် ခွင့်ပြုဖွဲ့စည်းပုံနှင့် အညီ ဝန်ထမ်းများ ဖြည့်တင်းခန့်ထားခြင်းကို ဆောင်ရွက်မည်။
(ဂ) ရုံးသုံးပစ္စည်းနှင့် ပရိဘောဂများ ဖြည့်ဆည်းခြင်းကို ဆောင်ရွက်မည်။
(ဃ) စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဌာနတွင်းပို့ချခြင်းကို ဆောင်ရွက်မည်။
(င) ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီတို့တွင် ဖွင့်လှစ်ပို့ချပေးမည့် သင်တန်းများသို့ ဝန်ထမ်းများအား စေလွှတ်သွားမည်။
(စ) ဘာသာရပ်ဆိုင်ရာ ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများသို့ ဝန်ထမ်းများအားစေလွှတ် သွားမည်။
(ဆ) မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ(၁) အမည်ရှိ စာအုပ်ထုတ်ဝေခြင်း၊ တိုင်းရင်းသား (၁၃၅) မျိုး အကြောင်းအကျဉ်းဖော်ပြထားသော လက်ကမ်းစာစောင်များ ထုတ်လုပ်ဖြန့်ဝေခြင်းနှင့် စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘဝမြှင့်တင်ရေး စာတမ်းဖတ်ပွဲများ ပြုလုပ်ဆောင်ရွက်မည်။
(ဇ) တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြားပေးနိုင်ရေး ဆောင်ရွက်မည်။
(ဈ) ပျောက်ကွယ်လုနီးပါးဖြစ်နေသော တိုင်းရင်းသားများ (ဥပမာ- ထနော့၊ ယင်း တလဲ၊ သက်) လူမျိုးတို့ ရိုးရာ၊ ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် အကြောင်းအရာများအား အသံ၊ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ရယူထိန်းသိမ်းနိုင်အောင် ဆောင်ရွက်မည်။
(ည) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ တို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်မည်။
(ဋ) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုတိုင်းရင်းသား လူမျိုးများ သိရှိနားလည်နိုင်ရေးအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန်နှင့် ဥပဒေနှင့်အညီ အခွင့်အရေးဆုံးရှုံးမှုများကို သုတေသနပြုလုပ်မည်။
(ဌ) e-Government ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဌာနတွင်းသင်တန်းများပို့ချ ခြင်း၊ ပြင်ပဌာနများသို့ သင်တန်းသားစေလွှတ်ခြင်းများကို ဆောက်ရွက်မည်။
(ဍ) ဝန်ကြီးဌာန၏ Network တိုးချဲ့ချိတ်ဆက်ခြင်း၊ Website ရေးဆွဲခြင်းနှင့်လွှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်။