၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်
(က) တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ
ပီပြင်စွာ ပေါ်ပေါက် လာရေးအတွက်
ဆက်စပ်ပတ်သက်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်။
( ခ ) ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ ဖွင့်လှစ်ရန်ကျန်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဦးစီးဌာနရုံးများ ဖွင့်လှစ်နိုင်ရေးအတွက်
ကြိုးပမ်းသွားမည်ဖြစ်ကာ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊
ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင်
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဦးစီးဌာနရုံး အဆောက်အအုံသစ်များ
ဆောက်လုပ်သွားမည်။
( ဂ ) တိုင်းရင်းသားဘာသာစကား သင်ကြားပေးနိုင်မည့် ဒေသခံတိုင်းရင်းသား ဆရာ၊ ဆရာမ များအား အခြေခံပညာကျောင်းများတွင် Teaching Assistant အဖြစ် ခန့်ထားပေးနိုင်ရေး အတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်သွားမည်။