တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
နေပြည်တော် 2025-06-27
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရုံးမြေဧရိယာအတွင်းရှိ ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာဝန်းကျင်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် အပင်များကို ဦးဆောင် စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြပါသည်။ အလားတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တို့တွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက  ဝန်ထမ်းများ သစ်ပင်ပျိုးပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပါသည်။

ယနေ့အခမ်းအနားတွင် ကံ့ကော် ၊ ပိတောက် ၊ ပျဉ်းကတိုး ၊ မန်ကျည်းပင်များ စိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်း မိသားစုများ ဘာရှာများတွင် အခြေတကျနေထိုင်နေမှုအခြေအနေ၊ Modular House များ ဆောက်လုပ် ပြီးစီးမှုအခြေအနေ၊ လျှပ်စစ်မီးသွယ်တန်းပြီးစီးမှုနှင့်  သုံးရေသွယ်တန်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍  ဝန်ထမ်းမိသားစုများ အမြန်ဆုံးနေထိုင်နိုင်ရေး  စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများအား ဆီ၊ ကြက်ဥနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image