ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၏ ကြီးကြပ်မှုနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “ကွန်ပျူတာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၆-၅-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ကမာကဆစ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ ကော့မှူးမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး စထွန်းဦးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သင်တန်းများသို့တက်ရောက်မည့် သင်တန်းသား/သူများ အပါအဝင်စုစုပေါင်း (၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားခြင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။
အဆိုပါ ကွန်ပျူတာသင်တန်းကို (၁၆-၅-၂၀၂၅) ရက်နေ့မှ (၁၆-၆-၂၀၂၅) ရက်နေ့ အထိ သင်တန်းသား/သူ (၂၀) ဦးဖြင့် (၁) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။