ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၏ ကြီးကြပ်မှုနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ ကြီးမှူးကျင်းပသော “ကွန်ပျူတာအခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၄-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁ဝး၀၀) နာရီတွင် ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကျေးရွာမှ ကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဉက္ကဋ္ဌ စောငယ်မင်း၊ တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် သင်တန်း သား/သူများ အပါအဝင် စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဝန်ကြီးဌာနမိတ်ဆက်ခြင်း၊ သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားခြင်း၊ ကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဉက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
အခြေခံကွန်ပျူတာသင်တန်းကို (၁၄-၅-၂၀၂၅) ရက်နေ့မှ (၁၄-၆-၂၀၂၅) ရက်နေ့အထိ သင်တန်းသား/သူ (၂၀) ဦးဖြင့် (၁) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။