တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူးကျင်းပသော အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို (၄-၃-၂၀၂၄) ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ နောင်သငဲ့ကျေးရွာ၊ ရွာလယ်ဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် သင်တန်းနည်းပြဆရာက သင်တန်းမိတ်ဆက် စကားပြောကြားခဲ့ပါသည်။
(၄-၃-၂၀၂၅) ရက်နေ့မှ (၁၀-၃-၂၀၂၅) ရက်နေ့အထိ (၇) ရက်တာ ဖွင့်လှစ်မည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းတွင် သင်္ဘောသီးယို(အချို၊အစပ်)၊ ခရမ်းချဉ်သီးယို၊ မြေပဲယို၊ နှမ်းယို၊ သရက်သီးယို(အချို၊အစပ်)၊ ကျောက်ဖရုံသီးယိုနှင့် သစ်သီး ဖျော်ရည်ပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နောင်သငဲ့ကျေးရွာနှင့် စိန်မြရံ ကျေးရွာတို့မှ သင်တန်းသား (၁)ဦး၊ သင်တန်းသူ (၁၉)ဦး စုစုပေါင်း သင်တန်းသား/သူ (၂၀)ဦး တက်ရောက်လျက်ရှိပါကြောင်း သိရှိရပါသည်။