တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၁၃
နေပြည်တော် 2025-02-14
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်  တိုင်းရင်းသားရေးရာဝန်ကြီးများ  ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး  ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပါသည်။ 

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပါသည်။ 

၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 


Image
Image
Image