တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး မန္တလေး ငလျင်ဒဏ်ကြောင့် ဝန်ထမ်းမိသားစုများ ဘာရှာအဆောက်အဦအတွင်း ယာယီပြောင်းရွှေ့ နေထိုင်နေမှုများအား ကြည့်ရှုစစ်ဆေး
နေပြည်တော် 2025-05-05
Image

     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၅) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ မန္တလေး ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ဆောက်လုပ်ပြီးစီးခဲ့သည့် ဘာရှာအဆောက်အဦသို့ ပြောင်းရွှေ့နေထိုင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်းရှိ ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာဝန်းကျင်၌ ကိုယ်စီဆောက်လုပ်ပေးထားသော ဘာရှာအဆောက်အဦများတွင် ဝန်ထမ်းများမိသားစုအလိုက် နေအိမ်နေထိုင်မှုများ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ၊ သုံးရေသွယ်တန်းထားရှိမှုများ၊ ရေချိုးခန်းနှင့်သန့်စင်ခန်း တည်ဆောက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်မှ ပေးအပ်မည့် Container House များရရှိပါက တည်ဆောက်ထားရှိရန် ရွေးချယ်ထားသည့်နေရာများကို  ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိကြရန် မှာကြားခဲ့ပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image