တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပပြုလုပ် စစ်တွေ၊ မတ် ၇
ရခိုင်ပြည်နယ် 2025-03-21
Image

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များ အတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၇-၃-၂၀၂၅)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ အမှာစကား ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးတင်လှက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက အဆင့်မြင့်စက်ချုပ်သင်တန်းအတွက် ထောက်ပံ့ငွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတင်လှအား ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ 

အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းကို (၇-၃-၂၀၂၅)ရက်နေ့မှ (၆-၄-၂၀၂၅)ရက်နေ့အထိ (၁)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရခိုင် (၁၃)ဦး၊ မရမာကြီး(၁၀)ဦး နှင့်ခမီ(၂)ဦး စုစုပေါင်း(၂၅)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image