တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ဧရာဝတီ၊ မတ် ၇ ရက်
ဧရာဝတီ 2025-03-10
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ တိုင်းဒေသကြီးခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၇.၃.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခြင်း၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပါကိစ္စရပ်များကို အသိပညာပေး ရှင်းလင်း၍ မိတ်ဆက်စကား ပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေး  ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား (၆၃)ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက်  တက်ရောက်လာကြသူများအား တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image