အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်လှစ် လှိုင်းဘွဲ၊ ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ် 2025-02-28
Image

တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၉:၀၀) နာရီ အချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ စိန်မြရံကျေးရွာ၊ ရွာလယ်ဓမ္မာရုံခန်းမ၌ “အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမှ သင်တန်းမိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

အဆိုပါ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို (၂၇-၂-၂၀၂၅) ရက်နေ့မှ (၃-၃-၂၀၂၅) ရက်နေ့အထိ ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဆပ်ပြာခဲ အမျိုးမျိုးနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းများကို ငါးရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း ဖြစ်ကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image