ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ အခြေခံကွန်ပျူတာ သင်တန်း (၁/၂၀၂၅) နှင့် အခြေခံစက်ပြင်သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ရှမ်း၊ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ် 2025-02-26
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၅) နှင့် အခြေခံစက်ပြင်သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို (၂၄-၂-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်း များပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းစင်တာ၌ သင်တန်းသား၊ သင်တန်းသူများ သင်ကြား/သင်ယူနေမှုများကို လှည့်လည် ကြည့်ရှုကြပါသည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ပြင်သင်တန်းများကို (၂၄-၂-၂၀၂၅) ရက်နေ့မှ (၂၄-၃-၂၀၂၅) ရက်နေ့အထိ (၁)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး  သင်တန်း(၁)ခုလျှင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ယင်းကြား၊ လီဆူ၊ ဗမာ စသည့် တိုင်းရင်းသား မျိုးနွယ်စုများမှ   သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးစီ တက်ရောက်သွားကြမည် ဖြစ်ကြောင်း သိရှိ ရပါသည်။

Image
Image
Image
Image
Image
Image