တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ သန္တိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မကွေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၁၁၉)ဦး တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက အသိပညာပေးဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားများအား ဥပဒေ/နည်းဥပဒေစာအုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ဆားတိုင်ကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိုင်းဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဒေသခံတိုင်းရင်းသား(၈၀)ဦးတို့ကို လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။