တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၇-၂-၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၊ ဖဲကတာညောင်ဝိုင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မင်းဇော်မင်းဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို (၁၇-၂-၂၀၂၅)ရက်နေ့မှ (၂၁-၂-၂၀၂၅) ရက်နေ့ အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဖဲကတာကျေးရွာမှ ဒေသခံတိုင်းရင်းသား သင်တန်းသူ၊ သင်တန်းသား (၂၀)ဦးတို့က တက်ရောက်သင်ယူလျက်ရှိကြောင်း သိရှိရပါသည်။