ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 30
  • JUL

  • 30 July 2026
  • ကချင်ပြည်နယ်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၃၀-၇-၂၀၂၆) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွယ်ဆိုင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် ဦးဇာနည်စိန်အောင် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဒေသခံတိုင်းရင်းသား (၁၅၀) ဦးတက်ရောက်ခဲ့ကြပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးဝင်းက စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၀) ဦးတို့က ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • JUL

  • 28 July 2026
  • မြစ်ကြီးနားမြို့

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေနှင့် ဘာသာစကား ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားဘာသာနှင့် မြန်မာ ဘာသာ (၂)မျိုးဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြား ရာ၌ ယခုကဲ့သို့ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ထုတ်ဝေဖြန့်ချိပေးရခြင်းမှာ ကလေးငယ်များ မိမိတို့၏ မိခင်ဘာသာစကားနှင့် စာပေကို ငယ်စဉ်ကတည်းက ပိုမိုစိတ်ဝင်စား သင်ယူလိုစိတ် တိုးပွားလာစေရန်၊ မူလတန်းပညာရပ်များ သင်ကြားရာတွင် အထောက်အကူဖြစ်စေပြီး ကျောင်းထွက် နှုန်းများကို လျှော့ချနိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်းအကြား စည်းလုံးညီညွတ်မှု၊ ချစ်ကြည် လေးစားမှုများကို ပိုမိုခိုင်မြဲလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ (၄)ကြိမ်တိုင်တိုင် စုစုပေါင်း (၉၂,၈၃၈) အုပ် ပေးအပ်ဖြန့်ဝေနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပဉ္စမအကြိမ်အဖြစ် ဂျိန်းဖော့၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး၊ တိုင်းလေနှင့် တိုင်းခမ်းတီ စသည့် တိုင်းရင်းသားပုံပြပုံပြင် စာအုပ် စုစုပေါင်း (၃၈,၇၃၁)အုပ်ကျော်ကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကလေးငယ်များ၏ လက်ဝယ်သို့ အမှန်တကယ် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဝိုင်းဝန်းဖြန့်ဖြူးပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ စကားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည် တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားကလေးငယ်များ မိမိတို့၏ မိခင်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုကို ပိုမိုမြတ်နိုးတန်ဖိုးထားလာစေရန် ဒီတိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းရင်းသားဘာသာနှင့် မြန်မာ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် ဂျိန်းဖော့ (၈,၅၇၇) အုပ်၊ လာချိဒ် (၃,၀၇၁)အုပ်၊ လော်ဝေါ် (၇,၆၅၀) အုပ်၊ လီဆူ (၂,၂၃၃) အုပ်၊ ရဝမ် (၉,၂၀၀) အုပ်၊ ဇိုင်ဝါး (၁,၂၀၀) အုပ်၊ တိုင်းလေ (၄,၈၀၀) အုပ်နှင့် တိုင်းခမ်းတီ (၂,၀၀၀) အုပ် စုစုပေါင်း (၃၈,၇၃၁) အုပ်ကို သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ ခေါင်းဆောင်များထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များအားလုံး ကိုယ်စား လော်ဝေါ်စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးဒေါင်ဟောင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • JUL

  • 27 July 2026
  • စစ်ကိုင်းတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၂၃-၇-၂၀၂၆) ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ခါးလယ်ကျေးရွာ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေးသဉ္ဇာထွန်းက စစ်တမ်း ကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၅) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။   ထို့နောက် တက်ရောက်လာသူများအား  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • JUL

  • 24 July 2026
  • ဧရာဝတီတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို  (၂၄-၇-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ ကြပ်ကုန်းကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်က အမှာစကားပြောကြားခဲ့ပါသည်။  ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြား ရေးမှူး ဒေါ်စန်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကန်ကြီးထောင့် မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်တို့က သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးအသိပညာပေး  ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက  ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၉)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါ သည်။

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • JUL

  • 23 July 2026
  • စစ်ကိုင်းတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “တန်ဖိုးမြင့်စားသောက် ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား” ကို ၂၃-၇-၂၀၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးထန်ငူ (လူမှု)က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် နာဂဒေသဦးစီးအဖွဲ့နှင့် အဖွဲ့ဝင်များက သင်တန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို ၂၃-၇-၂၀၂၆ ရက်နေ့မှ ၂၇-၇-၂၀၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • JUL

  • 23 July 2026
  • စစ်ကိုင်းတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၂၃-၇-၂၀၂၆) ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ခါးလယ်ကျေးရွာ၌  ကျင်းပပြုလုပ် ခဲ့ပါသည်။  အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာ များ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေးသဉ္ဇာထွန်းက စစ်တမ်း ကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၅) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။   ထို့နောက် တက်ရောက်လာသူများအား  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 23
  • JUL

  • 23 July 2026
  • ရှမ်းပြည်နယ်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးကဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့်ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို  ၂၃-၇-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊ အေးသာယာမြို့၊ နောင်အင်ပရိယတ္ထိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူးရုံး မှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်း၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသာ၊ အမှတ်(၂၅) မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တောင်ကြီးမှ ဒုတိယရဲမှူး ဇော်ထူးအောင်၊  အမှတ်(၁၅) လူကုန်ကူးမှု တာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် တောင်ကြီးမှ ရဲအုပ်ဖြိုးဝေ၊ ‌ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလမင်းသန်း၊ ဟိုပုံးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာတို့က အသီးသီးဆွေးနွေး ဟောပြော ခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက အခမ်းအနား တက်ရောက် လာကြသည့် တိုင်းရင်းသား (၁၂၀) ဦးတို့ထံမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်စစ်တမ်းကောက်ယူခဲ့ရာ တိုင်းရင်းသား(၁၀၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာ များကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • JUL

  • 22 July 2026
  • မွန်ပြည်နယ်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၂၂-၇-၂၀၂၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ        ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်မိမြတ်ခတ္တာသင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုလွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းချယ်ရီထွန်းတို့က အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။ ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဒေသခံတိုင်းရင်းသား (၁၃၅) ဦး တက်ရောက်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့်စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားကာ ဒေသခံတိုင်းရင်းသား (၈၀) ဦးထံမှ စစ်တမ်းကောက်ယူခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်းက အသိပညာပေးဟောပြောခဲ့ကြသည့် ဌာနများနှင့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊  နည်းဥပဒေစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 22
  • JUL

  • 22 July 2026
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့်ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းအစီအစဉ်”နှင့် “အခြေခံ စက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၂-၇-၂၀၂၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတွေးခရိုင်၊ တွံတွေးမြို့နယ်၊ စာဖြူစုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် ဒုတိယရဲမှူးကြီး ဦးဖုန်းမြင့်တို့က အမှာစကားပြောကြားခဲ့ကြပါသည်။ ဆက်လက်၍  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်စွာသိမ်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းတို့က အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက် လာကြသည့် ဒေသခံတိုင်းရင်းသား (၆၀)ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။  အခြေခံစက်ချုပ်သင်တန်းကို (၂၂-၇-၂၀၂၆) ရက်နေ့မှ (၂၂-၈-၂၀၂၆) ရက်နေ့အထိ သင်တန်းသူ (၂၀)ဦး ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 20
  • JUL

  • 20 July 2026
  • ပဲခူးတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၂၀-၇-၂၀၂၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အ.ထ.က (၄) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ  ဦးဝင်းနိုင်က အမှာစကားပြောကြားခဲ့ပါသည်။  ဆက်လက်၍ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဦး၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာတို့က အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဒေသခံတိုင်းရင်းသား ၁၀၀ ဦး တက်ရောက်ခဲ့ပြီး ၈၀ ဦးထံမှ စစ်တမ်း ကောက်ယူခဲ့ကြောင်းသတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • JUL

  • 17 July 2026
  • ရခိုင်ပြည်နယ်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၇-၂၀၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်းတို့ကို  ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း သင်တန်းကို (၁၀-၆-၂၀၂၆)ရက်နေ့မှ (၁၄-၇-၂၀၂၆)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ရခိုင်(၂၄)ဦး၊ ချင်း(၃)ဦးနှင့် မရမာကြီး(၃)ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 17
  • JUL

  • 17 July 2026
  • နေပြည်တော်

ပြည်သူ့လွှတ်တော် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့၏ တွေ့ဆုံဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆)ကို ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်လွှတ်‌တော်ဝင်းအတွင်းရှိ ရေးရာကော်မတီဆောင် (I-6)၊ ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးတင့်နိုင်၊ ကော်မတီအတွင်းရေးမှူး ဦးရဲထွဋ်အောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းသူရအောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြတ်အောင်၊ လက်ထောက်အတွင်းဝန်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များလည်း တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီဝင်များနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ကော်မတီဝင်များက တင်ပြချက်များအပေါ် သိရှိလိုသည့်အချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆)ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုပါရန်
  • 15
  • JUL

  • 15 July 2026
  • ပဲခူးတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၁၅-၇-၂၀၂၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ တာဂွကျေးရွာ ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒိုက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဝင်းတို့က အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဒေသခံတိုင်းရင်းသား ၁၃၀ ဦး တက်ရောက်ခဲ့ပြီး ၈၀ ဦးထံမှ စစ်တမ်း ကောက်ယူခဲ့ကြောင်းသတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 14
  • JUL

  • 14 July 2026
  • ကရင်ပြည်နယ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၄.၇.၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကမြိုင် (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အဆိုပါသင်တန်းကို (၁၄.၇.၂၀၂၆) ရက်နေ့မှ (၁၈.၇.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောင်ကမြိုင်ကျေးရွာမှ ဒေသခံတိုင်းရင်းသား အမျိုးသမီး(၃၀)ဦးတို့က တက်ရောက်သင်ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 11
  • JUL

  • 11 July 2026
  • မြစ်ကြီးနားမြို့

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းလေစာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် "တိုင်းလေရိုးရာအိုးစည်အက (ကာ့ဟန်ဂေါင်)" သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြား ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ မိုးကောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မောင်လွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းလေ စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များ၊ အခြားတိုင်းရင်းသားမျိုးနွယ်စုများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းလေလူမျိုးတို့၏ "အိုးစည်အက (ခေါ်) ကာ့ဟန်ဂေါင်" သည် ရှမ်းယဉ်ကျေးမှု နယ်ပယ်တွင် ထင်ရှားပြီး အဖိုးတန်လှသည့် ရိုးရာအကအလှတစ်ခုဖြစ်ကြောင်း၊ ရှမ်းလူမျိုးတို့က ဗုံနှင့် အိုးစည်ကို "ဂေါင်" (Kong) ဟု ခေါ်ဆိုကြပြီး သစ်သားအခေါင်းပွကို သားရေဖြင့် စနစ်တကျ ပြုလုပ် ထားသော အဆိုပါ "ဂေါင်" ၏ အသံသည် ရှမ်းလူမျိုးတို့၏ ရင်တွင်းဖြစ် ဂီတသံစဉ်တစ်ခုပင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးက တိုင်းလေလူမျိုးတို့၏ ရိုးရာအိုးစည်အကတွင် ကြက်ဖခွပ်၊ ကြက်ယက် နှင့် ဒေါင်းအလှကကွက်များ အပါအဝင် ထူးခြားဆန်းသစ်သည့် ကကွက်ပေါင်း (၁၂) မျိုးခန့် ရှိသည်မှာ အလွန်အံ့မခန်းဖွယ်ရာ ဖြစ်ကြောင်း၊ အထူးသဖြင့် အိုးစည်သံ၊ လင်းကွင်းသံ၊ ကြေးမောင်းသံများနှင့် အတူ ဟန်ချက်ညီညီ သွက်လက်တက်ကြွပြီး သပ်ရပ်လှပစွာ ကပြမှုများသည် ရှမ်းလူမျိုးတို့၏ စည်းလုံး ညီညွတ်မှုကို အကောင်းဆုံး ဖော်ညွှန်းပြသနေခြင်းဖြစ်၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လည်း ရိုးရာအကဟန်များကို ကျွမ်းကျင်စွာ သင်ယူရုံသာမက ယဉ်ကျေးမှုအနှစ်သာရကို နားလည် မြတ်နိုးကာ ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးခင်မောင်ထွန်း က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြရာတွင် “တိုင်းလေလူမျိုးတို့၏ ရိုးရာအိုးစည်အကနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးဆက်သစ် လူငယ်များအကြား ရိုးရာယဉ်ကျေးမှုအပေါ် တန်ဖိုးထားမြတ်နိုးစိတ် မြှင့်တင်ရေး၊ ရိုးရာအကကို စနစ်တကျ ဆက်လက်သင်ကြားပေးနိုင်မည့် အနုပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးတို့ကို အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြများက တိုင်းလေလူမျိုးတို့၏ ရိုးရာအိုးစည်အက "ကာ့ဟန်ဂေါင်" ကို သရုပ်ပြကပြခြင်း၊ရှမ်းအကအလှအဖွဲ့များမှလည်း‌တေးသီချင်းများဖြင့် ကပြတင်ဆက်ခဲ့ကြသည်။ ယင်းသင်တန်းကို နည်းပြ ၆ ဦးက သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား စနေနှင့် တနင်္ဂနွေနေ့များ တွင် သင်ကြားပို့ချပေးမည်ဖြစ်ပြီး ရိုးရာအကဟန်များ၊ အိုးစည်တီးခတ်နည်းများနှင့် ရှေးမူမပျက် ရိုးရာအကဟန်များကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်