“တိုင်းရင်းသားရေးရာအသိပညာပေးအစီအစဉ်” ကို ကယားပြည်နယ်တွင် ကျင်းပပြုလုပ်
- ကယားပြည်နယ်
- 06 September 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက တိုင်းရင်းသားရေးရာ အသိပညာပေးအစီအစဉ်ကို (၆-၉-၂၀၂၆) ရက်နေ့တွင် လွိုင်ကော်မြို့၊ ရွာတန်းရှည်ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်းကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ အား အသိပညာပေးဟောပြောခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်စိန်မော်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေး ပင်စင်ဆိုင်ရာကိစ္စရပ်များကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေစာအုပ်များ၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒေသခံတိုင်းရင်းသား ၁၃၂ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။