ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

02 AUG

“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်” နှင့် “အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်း” ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ရန်ကုန်တိုင်းဒေသကြီး
  • 02 August 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်းအစီအစဉ် နှင့် “အခြေခံစက်ချုပ်နှင့် မော်တာနင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂-၈-၂၀၂၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာယာဘုရားဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အင်းစိန်ခရိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဦးဗိုလ်မြင့်၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦး၊ သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီလွင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား (၆၀)ဦးတို့က စစ်တမ်း မေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပါသည်။

 အခြေခံစက်ချုပ်နှင့်မော်တာနင်းသင်တန်းကို (၂-၈-၂၀၂၆) ရက်နေ့မှ (၂-၉-၂၀၂၆) ရက်နေ့ အထိ သင်တန်းသူ(၂၀)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။