တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်း၌ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ယခုကဲ့သို့ ပျဉ်းမနားခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက လာရောက်တွေ့ဆုံမှုကို အထူးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်သည် တိုင်းရင်းသားများ၏ စကား၊ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ တိုင်းရင်သားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၏ အခက်အခဲ၊ လိုအပ်ချက်များကို ရင်းနှီး ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံး အချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နည်းတူ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံးကလည်း အတူတကွ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန် လေ့လာရေးခရီးစဉ်များ၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ တိုင်းရင်းသား အဆို၊ အက၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာ မိတ်ဆုံစားပွဲ အစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ပြီး တိုင်းရင်းသားများအကြား ချစ်ကြည်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဒေသထွက်ကုန်များကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ “One Village One Product” “ရပ်ရွာတစ်ခု ထုတ်ကုန်တစ်ခု” အစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရန် အားလုံးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် နေပြည်တော်ရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် ဒေသလိုအပ်ချက် များကို လူမျိုးစုအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားပါသည်။ပြီးနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအား နေလည်စာဖြင့် တည်ခင်းဧည့်ခံပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ခင်းကျင်းပြသ ထားသော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများအား ကိုယ်စားလှယ်များက လေ့လာ ကြည့်ရှု ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
အိန္ဒိယနိုင်ငံ၊ ဘန်ဂလောမြို့နှင့် ဘူဘန်နက်ရှ်ဝါမြို့တို့တွင် ဧပြီလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် “ဘင်းမ်စတက်(BIMSTEC) လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ်”သို့ တက်ရောက်ခဲ့သည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ (၁၁-၅-၂၀၂၆) နံနက်ပိုင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်း အနားသည် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း “ဘင်းမ်စတက် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ်”သို့ တက်ရောက်ခဲ့ကြသည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လူငယ် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်ပခရီးစဉ် စေလွှတ်ခံရပြီး ပြန်ရောက်လာသည့်အခါ အတွေ့အကြုံ မျှဝေရှင်းလင်းသည့် အစဉ်အလာ ကောင်းများကို ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ် တက်ရောက်ခဲ့ကြသူများအနေဖြင့် မိမိတို့လေ့လာ သိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဝေမျှရှင်းလင်းရုံမျှသာမက ကိုယ်တိုင်ထိုးထွင်းသိမြင်မှု၊ သုံးသပ်ဆင်ခြင်မှု၊ တီထွင်ဖန်တီးနိုင်မှု နှင့်ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ဖြင့် နိုင်ငံတကာမှ လူငယ်များနှင့်ဆက်ဆံရေး အခန်းကဏ္ဍများကို ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခု တက်ရောက်လာသော ဝန်ထမ်းများအနေဖြင့်လည်း ယနေ့ ရှင်းလင်းပြောကြားသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဂရုပြုမှတ်သားလိုက်နာကြပြီး နောင်တစ်ချိန်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရွေးချယ် စေလွှတ်ခြင်းခံရပါက နိုင်ငံတကာနှင့်ရင်ဘောင်တန်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး မိမိတို့၏ အရည်အချင်း၊ အရည်အသွေး၊ မြင့်မားမှသာ မိမိ၏ ဌာနအကျိုး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့အတွက် အကျိုးရလဒ် ကောင်းများရရှိစေရေး ဦးတည်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာ စဉ်ဆက်မပြတ် လိုက်နာ၍ ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။ ထို့နောက် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သော ဘင်းမ်စတက် လူငယ်ခေါင်းဆောင်မှု ဆိုင်ရာ ဖလှယ်ရေးအစီအစဉ်သို့ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ၁၀ ရက်တာ တက်ရောက်ခဲ့သည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ လူငယ်ကိုယ်စားလှယ်များဖြစ်သော ဦးရဲထက်ပိုင်နှင့် ဒေါ်မီကိုခန့်တို့က မိမိတို့၏ အတွေ့အကြုံဗဟုသုတများကို Powerpoint များ၊ Video Clip များ၊ မှတ်တမ်းဓါတ်ပုံများဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်၊ ကယန်း၊ ဗမာ၊ လီဆူနှင့် အင်းသား တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေပါ အသင်းအဖွဲ့ မတည်ငွေထားရှိ ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု များကို အဆင့်မြှင့်တင်ဖော်ထုတ်ရာတွင် ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေဘဲ အထူးသတိပြု ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများက ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း များနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထား မှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ မိမိတို့၏ ကြုံတွေ့ နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တွေ့ဆုံဆွေးနွေးပြောကြားရာတွင် ရှမ်းပြည်နယ်သည် အလွန်ကျယ်ပြန့်သည့်အတွက် တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရုံးခွဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရုံးခွဲနှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် လည်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသတွင် Documentary Video များ ရိုက်ကူးဆောင်ရွက်ရာတွင် အခြားတိုင်းရင်းသားလူမျိုးများကို ထိခိုက်စေမည့် အကြောင်းအရာများ ရှောင်ရှားရန်နှင့် ဦးစီးဌာနဝန်ထမ်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကလည်း သေချာစိစစ်ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် မိမိတို့ လူမျိုး၊ အဖွဲ့အစည်းများ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ ၎င်းနောက် ကချင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မိုင်၊ ကယန်း(ခ) ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်နှင့် အင်းသား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ တို့က တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။ ယင်းနောက် ရှမ်း၊ ၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ လီဆူ၊ ကိုးကန့်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအား အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေများပေးအပ် ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အင်းသား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် မေလ (၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀)စီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားများအား အသက်မွေး ဝမ်းကျောင်းပညာအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကွန်ပျူတာသင်တန်း ၂ / ၂၀၂၆ ကွန်ပျူတာသင်တန်း စာတွေ့/လက်တွေ့ သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းသူ/သားများအား အားပေးစကားပြောကြားပါသည်။ ဆက်လက်ပြီး သင်တန်းစင်တာ ပင်မလေးထပ်အဆောက်အဦအတွင်း ၂၀၂၅ ခုနှစ် မန္တလေးငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ သင်တန်းသူ/သား အိပ်ဆောင်များ၊ သင်တန်းခန်းမဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူ/သား များ၏ ထမင်းစား ခန်းမဆောင်နှင့် အလုပ်ရုံအဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်း လတ်ဆတ်သော အစားအသောက်များဖြစ်စေရေး တာဝန်ရှိသူများက အထူးဂရုပြု ကြီးကြပ် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာခန်းမဆောင်အတွင်း ဝန်ထမ်းများ သင်တန်းသူ/သားများနှင့် တွေ့ဆုံပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းစင်တာ လုပ်ငန်းဆောင်ရွက် နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သွားမည့်သင်တန်းများနှင့်စပ်လျဉ်းပြီး Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် ဘဏ္ဍာရှာဖွေပေးသည့်ဌာနမဟုတ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရသည့်ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ သင်တန်းစင်တာအနေဖြင့် ဒေသခံ တိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်အတွက် ဒေသနှင့် သင့်လျော်သည့် သင်တန်းများဖွင့်လှစ်ပေးပြီး ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန်လိုပါကြောင်း၊ ဒေသခံလူငယ်များအား သင်တန်းများဖွင့်လှစ်ပေး ခြင်းသည် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းမှ နိုင်ငံတော်အေးချမ်းမည်ဖြစ်ပြီး နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက ဝန်ထမ်းများနှင့် သင်တန်းသူ/သားများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဌာနက ပေးအပ်သည့် တာဝန်များကို စေတနာထား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့်လည်း သင်တန်းကာလအတွင်း စာတွေ့/လက်တွေ့ပိုချမှု များအား သေချာလေ့လာမှတ်သားသင်ယူပြီး အကျိုးရှိရှိပြန်လည်အသုံးချတတ်ရန် လိုပါကြောင်း၊ လူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်များပင်ဖြစ်သည့် အတွက် အစဉ်တစိုက် ကြိုးစားသင်ယူသွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပါသည်။ ယင်းနောက် အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံတို့က နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်အား ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ရွှေနှင့် အဖွဲ့ဝင် ဦးခင်ဇော်တို့က ယနေ့ နေ့လယ် ၁၅:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်၍ ဂါရဝပြု တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံကြစဉ် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် အထောက်အကူပြုရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့်အတူ မေလ ၁ ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် နေ့လယ်ပိုင်း၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများသို့ သွားရောက်၍ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင် ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင် ရွက်သွားရန် လိုအပ်ပါကြောင်း၊ရက်ပေါင်း(၁၀၀)အတွင်း ဆောင်ရွက် သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များကို အလေးထား လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲကြရန်၊ ရုံးနှင့်တိုင်းရင်းသား ရိုးရာအိမ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ တာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာရှိ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရက်ပေါင်း (၁၀ဝ)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသား ရိုးရာအိမ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်လျက် ရှိသည့် သန်လျင်မြို့နယ် ၊ အမှုထမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ပြုပြင်မွမ်းမံနိုင်ရေးလုပ်ငန်းများ အမြန်အကောင်အထည်ဖော်ဆောင်ရွက် သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် ဆန်းသစ်တီထွင်မှုသည် ရိုးရာကို မကျော်လွန် စေရေးအတွက် လွန်စွာအရေးကြီးပါသဖြင့် အထူးသတိပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ရက်(၁၀၀) ကာလအတွင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်းများ ရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ လေ့လာရေး ခရီးစဉ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲများ၊ တိုင်းရင်းသားဒေသများအရောက် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကြောင်း သင်တန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ရက်ပေါင်း(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးရုံးဝန်းရှိ ခြံစည်းရိုးအဟောင်း ဖြိုဖျက်၍ ခြံစည်းရိုးအသစ်ဆောင်ရွက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၂၂၁၆ အနီရောင် အဆင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။ ဦးစွာ Noble Swamm ကုမ္ပဏီမှ တာဝန်ရှိသူများက တိုက် ၂၂၁၆ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး အဆောက်အဦကို ငလျင်ဒဏ်ခံနိုင်မှု ရစ်ချ်တာစကေး ၈ အဆင့်အထိ ခံနိုင်ရည်ရှိရန် Strengthening design ဖြင့် Retrofitting ပြုလုပ်လျက်ရှိကြောင်းနှင့် အဆောက်အဦ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ အဆောက်အဦ ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောလျင်စွာပြီးစီးရေး၊ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် စေတနာထား ဆောင်ရွက်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ ဆောက်လုပ်ထားသော ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီနေထိုင်ရာ Container House များတွင် ဝန်ထမ်းများမိသားစုအလိုက် နေအိမ်နေထိုင်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအနေဖြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ကြစေရေး မှာကြားပြီး အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။ ယင်းနောက် နေ့လယ်ပိုင်းတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့် တိုင်းရင်းသားရေးရာလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တိုင်းရင်းသားရေးရာလုပ်ငန်းများ ဆောင်ရွက်မှုနှင့် သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် ညှိနှိုင်းနိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ပြီး တာဝန်ရှိသူများအားလုံးအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှုများ မှေးမှိန်မပျောက်ပျက်စေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုရှေးရှု၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က Online စနစ်ဖြင့်ဆွေးနွေးကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆက်လက်ဆွေးနွေးကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပါသည်။ ၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)တို့မှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၀-၄-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေး၊ ယင်းနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားနှင့် (၂၁-၄-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့တွင် ပြောကြား ခဲ့သည့် လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများ အားလုံးသိရှိလိုက်နာပြီး အလေးအနက်ထား ဆောင်ရွက်ကြရန် ယခုကဲ့သို့ ထပ်ဆင့်ရှင်းလင်းခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အဓိကထားမှာကြားပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အပြန်အလှန် အမှီသဟဲပြုနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကထက် ပိုမိုအားသွန်ခွန်စိုက် ကြိုးပမ်းပြီး လာမည့် ရက်(၁၀၀)အတွင်း ထိရောက်သည့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး အရည်အချင်းပြည်ဝစွာဖြင့် စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်ပြီး တစ်ဦးချင်းကောင်းမှ အဖွဲ့အစည်းကောင်းမည်ဖြစ်၍ အဖွဲ့အစည်းကောင်းမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေများ ကိုလည်း ကျေကျေညက်ညက် လေ့လာပြီး နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၂:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပါသည်။ ဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုနှင့်ဇနီး နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သာဓုအနုမောဒနာ ခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။ ရှင်းလင်းပြောကြား တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး၊ ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ရှင်သန်စေရေး၊ တိုင်းရင်းသားများ၏ အခွင့် အရေးကို ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း အပြည့်အဝခံစားရရှိစေရေး၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများနှင့် တိုင်းရင်သားစာပေသင် ဆရာ၊ ဆရာမများကို လစာ တိုးမြှင့်ပေးရေးနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖြည့်စွက် ပြောကြား သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းဖွဲ့များနှင့် ဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပို့ချမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ လှည့်လည်ကြည့်ရှုစစ်ဆေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး သင်တန်းကျောင်း ဝန်ထမ်းများနှင့် သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းသူအိပ်ဆောင်၊ သင်တန်းခန်းမ၊ မော်တာဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို တိကျလိုက်နာ၍ အဂတိတရားကင်းရှင်းစွာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဒေသခံပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ ၄ ရပ်ဖြစ်သည့် နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်း သားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးစသည့် မူဝါဒများနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ် (MOI)
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဥတ္တရသီရိမြို့နယ်၊ မသိမ်ကျေးရွာ၊ ကျောင်းသစ်ကျောင်းမှ ဦးစီးပဓာနနာယကဆရာတော်ကြီး ဦးဘောဘဏထံမှဧည့်ပရိတ်သတ်များက (၅) ပါးသီလခံယူဆောက်တည်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များထံ နဝကမ္မအလှူတော်ငွေနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာ ခေါ်ဆိုကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး (၃၀-၃-၂၀၂၆) ရက်နေ့တွင် (၁၀)နှစ်ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်၊ မူဝါဒ၊ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များကို စဉ်ဆက်မပြတ် ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စရပ်များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ဆရာ၊ ဆရာများ နှစ်စဉ် တိုးမြှင့်ခန့်ထားပြီး ခေတ်ကာလနှင့်လျော်ညီသည့် နှုန်းထားများဖြင့် ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှီးနွယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တိုင်းရင်းသားဘာသာပြန်ဆိုသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ လူနေမှုဘဝ၊ ပွဲတော်များ၊ ရိုးရာအစားအစာ ချက်ပြုတ်နည်းအစီအစဉ်များကို Documentary ရိုက်ကူးခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးတွေ့ဆုံ၍ အမြင်ချင်းဖလှယ် နိုင်ရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ခြင်း၊ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာဖွင့်လှစ်၍ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ သက်သာချောင်ချိရေး အတွက် လစဉ်ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များနှင့် တည်ဆဲဥပဒေများကို လိုက်နာရန် လိုအပ်ပြီး မိမိတို့၏စွမ်းဆောင်ရည်များ မြင့်မားလာစေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခု (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသားပြည်သူများအားလုံးနှင့် နိုင်ငံတော်အတွက် ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူတင်ဂုဏ်ပြုစကားပြောကြားပါသည်။ ယင်းနောက် ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေ ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ခရိုင်စုပေါင်း ရုံးဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်ရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ် ဦးစွာ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားမုခ်ဦးကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်နှင့် ဒေါက်တာချာလီသန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံကို အလေးပြုပြီး သဘာပတိအဖွဲ့ဝင်များက နေရာယူကြကာ သဘာပတိအဖွဲခေါင်းဆောင် မတူပီမြို့နယ် ကိုယ်စားလှယ် ဒေါ်ဖွာဒေါက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီစည်သူ ရာပြည့်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့် ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆုရရှိသူများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမဆင့်) ရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယဆင့်)ရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဦးအေးထွန်း ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူတစ်ဦးနှင့် (ဒုတိယဆင့်)ရရှိသူနှစ်ဦးကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု(တတိယဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းကလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့အတွက် ပေးအပ်သော DTH စလောင်းအစုံ ၆၀ နှင့် DVB T-2 Settop Box အလုံး ၄၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်နယ် လူမှုရေးရာ ဝန်ကြီးထံပေးအပ်ပြီး သဘာပတိအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကာ အခမ်းအနားကို ခေတ္တရပ်နားသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တာဝန်ရှိသူများက ခရိုင်စုပေါင်းရုံးဝင်းအတွင်းရှိ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် MSME ပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ချင်းရိုးရာအကအဖွဲ့များ၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဟားခါးမြို့ သာသနာ့ရက္ခိတတပ်ဦးကျောင်း သို့ရောက်ရှိကြရာ ဟားခါးမြို့နှင့် ထန်တလန် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကလေးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်‌မွေးလုပ်ငန်းသင်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
၈-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်း ၀၉၀၀ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်းများနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်သည်တိုင်းရင်းသားလူမျိုးအများဆုံးနေ့ထိုင်သည့် ပြည်နယ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအားလုံးသည် တစ်နိုင်ငံလုံးတွင် ရောယှက်နေထိုင်ကြပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း မြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်ကပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်နှင့်အညီ ပါတီစုံဒီမီကရေစီ စနစ်အကောင်အထည်ဖော်နိုင်ရန်အတွက် တစ်ထောင့် တစ်နေရာ ပါဝင်ကူညီကြစေလိုကြောင်း၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေး အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစကားသင်ကြားမှုကို ပညာရေးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါရှိသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကိုအပြည့်အဝ ရရှိစေလိုကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာတင်ပြဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောရာတွင် မိမိတို့ဝန်ထမ်များအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်၏အဓိကထောက်တိုင်များဖြစ်ကြောင်း နိုင်ငံဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ ပြုမူနေထိုင်ကြ စေလိုကြောင်း၊ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာစေလိုကြောင်း၊ အရက်သေစာအလွန်အကျွန်သောက်စားခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများကို အထူးသတိပြုရှောင်ရှားစေလိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကိုမထိခိုက်စေပဲ စစ်မှန်သောများချစ်စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံလျက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်နှင့်အညီ နိုင်ငံသူနိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင်းတနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်စေမည့် ပါတီစုံဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားစားပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးက ရှမ်း၊ ကချင်၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ကိုးကန့်၊ လီဆူ၊ ထနော့၊ အင်းသား၊ ယင်းကြားနှင့် ယင်းနက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူအသင်းဖွဲ့များအား ချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသား ဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့(၂၁)ရာစု နည်းပညာခေတ်တွင် သတင်းအချက်အလက် နည်းပညာများမှာ ဒီဂျစ်တယ်ပလက်ဖောင်းအသွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လျက်ရှိသကဲ့သို့ အဆိုပါ ပလက်ဖောင်းတွင် Artificial Intelligent(AI) နည်းပညာမှာလည်း လူသားများ၏ နေ့စဉ်ဘဝလုပ်ငန်းများတွင် မရှိမဖြစ် နည်းပညာတစ်ခုအဖြစ် နေရာယူလာပါကြောင်း၊ နိုင်ငံတကာတွင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများ လျော့ချပြီး AI နည်းပညာနှင့်အစားထိုး၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် စက်မှုလက်မှု ကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အပြင် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာကဏ္ဍ များတွင်လည်း အသုံးပြုလာသည်ကို တွေ့ရပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် တိုးတက်ပြောင်းလဲ လာသော AI နည်းပညာများကို လေ့လာသင်ယူပြီး ရုံးလုပ်ငန်းခွင်နှင့် မိမိတို့၏နေ့စဉ်ဘဝများတွင် လက်တွေ့ ပြန်လည်အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ ဝန်ကြီးဌာန အသီးသီး၏ လုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားဉာဏ်ရည်တု နည်းပညာအခြေပြု စီမံကိန်းများရေးဆွဲ၍ “အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ” ဖွဲ့စည်းပြီး AI ကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ နိုင်ငံသားများလိုက်နာရမည့် ကျင့်ဝတ်များ၊ စံနှုန်းများ၊ စည်းမျဉ်းများကို သိရှိနိုင်ရေး၊ ဒေသတွင်း ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ကျွမ်းကျင်သော လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး၊ နိုင်ငံတကာနှင့်ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသားအဆင့် ဉာဏ်ရည်တု နည်းပညာဆိုင်ရာမဟာဗျူဟာနှင့် မူဝါဒတို့ကို ရေးဆွဲလျက်ရှိပါကြောင်း၊ AI နည်းပညာကို အသုံးပြုချိတ်ဆက်ပြီး e-Government ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး၊ မိမိဌာနနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစဉ်ရှေ့ရှု၍ တိုးတက်ပြောင်းလဲနေသည့် ICT နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးကာ မျှော်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်က မိတ်ဆက်စကားပြောကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများအနေဖြင့် စာပေအတတ်ပညာများကို ကြိုးစားလေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အမှန်နှင့် အမှားဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား ကျောင်သူများအား အတွေးအခေါ်အသိအမြင်နှင့် အယူအဆကောင်းများ သိရှိနားလည်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် မိမိနိုင်ငံ၊ မိမိဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် လေ့လာသင်ကြား ပျိုးထောင်သွားကြရမည်ဖြစ်ပါကြောင်း မှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားသည်။ ယင်းနောက် ကျောင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ရာသီသီးနှံစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်