ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

23 JUL

တန်ဖိုးမြင့် စားသောက်ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့၌ ဖွင့်လှစ်

  • စစ်ကိုင်းတိုင်းဒေသကြီး
  • 23 July 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “တန်ဖိုးမြင့်စားသောက် ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား” ကို ၂၃-၇-၂၀၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးထန်ငူ (လူမှု)က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် နာဂဒေသဦးစီးအဖွဲ့နှင့် အဖွဲ့ဝင်များက သင်တန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အဆိုပါ သင်တန်းကို ၂၃-၇-၂၀၂၆ ရက်နေ့မှ ၂၇-၇-၂၀၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။