ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

10 AUG

“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်” နှင့် “လျှပ်စစ်သွယ်တန်းခြင်း နည်းပညာ သင်တန်း” ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ရန်ကုန်တိုင်းဒေသကြီး
  • 10 August 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဦးစီး၍  တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ် နှင့် “လျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်း” ဖွင့်ပွဲ အခမ်းအနား ကို (၁၀-၈-၂၀၂၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အဘေစာဖြူစု ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊  သမဝါယမဦးစီးဌာန လက်ထောက်   ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးတို့ကအသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ဒေသခံတိုင်းရင်းသား (၁၀၀) ဦးတက်ရောက်ခဲ့ကြပြီး (၆၀) ဦးထံမှ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများက စစ်တမ်း ကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။

 လျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်း ကို (၁၀-၈-၂၀၂၆) ရက်နေ့မှ (၂၃-၈-၂၀၂၆) ရက်နေ့အထိ သင်တန်းသား(၂၀)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။