တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်းအစီအစဉ် ကျင်းပပြုလုပ်
- ကရင်ပြည်နယ်
- 16 November 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးခြင်း အစီအစဉ် ကို (၁၆-၁၁-၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘုရားကုန်း)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်သူဇာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေအေး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတ ဉာဏ်စမ်း မေးခွန်းများ မေးမြန်းကာ ဒေသ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းမေးခွန်းများကို တက်ရောက်လာကြသူ (၁၅၀) ဦးအနက်မှ (၁၂၀) ဦးအား ကောက်ယူခဲ့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။