လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းကို ကယားပြည်နယ်၊ လွိုင်ကော်တွင် ကျင်းပပြုလုပ်
- ကယားပြည်နယ်
- 11 November 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် “လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၁-၁၁-၂၀၂၆) ရက်နေ့တွင် ကယားပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက သင်တန်း ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက သင်တန်းနည်းပြများအား ထောက်ပံ့ချီးမြှင့်ငွေနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့ပြီး သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါသင်တန်းအားသင်တန်းတွင် သင်တန်းသား/သူ (၂၀) ဦး တက်ရောက်မည်ဖြစ်ပြီး ၁၀-၁၁-၂၀၂၆ ရက်နေ့မှ ၁၆-၁၁-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။