ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

11 MAY

“အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ကို ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ပဲခူးတိုင်းဒေသကြီး
  • 11 May 2026

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်ရည်ရွယ်ချက်ဖြင့် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၁-၅-၂၀၂၆) ရက်နေတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ လူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌လူမျိုးရေးရာဝန်ကြီး ဦး‌စောလင်းအောင်က အခြေခံစက်ချုပ်သင်တန်းတက်ရောက်မည့် သင်တန်းသူများအား အမှာစကားပြောကြားခဲ့ပါသည်။  ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက အခြေခံစက်ချုပ်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှု့ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ “အခြေခံစက်ချုပ်သင်တန်း"ကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၃၀-၅-၂၀၂၆) ရက်နေ့အထိ (၂၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး လက်ပြတ်(ရင်စေ့)၊ ခေါင်းစွပ်လက်ပြတ်၊ ရင်စေ့ လက်ဆက်၊ ရင်ဖုံးလက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ်(ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ(လက်ဖောင်း/ ရိုးရိုး)၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊ သုံးလွှာ စကပ်ချုပ်နည်း စသည်တို့ကို စာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ်ပြီး အင်းတကော်ဒေသအတွင်းရှိ ကရင်တိုင်းရင်းသား သင်တန်းသူ (၂၀)ဦးတက်ရောက် သင်ကြားလျက်ရှိ ကြောင်း သိရှိရပါသည်။