ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

19 MAY

“ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကသင်တန်း” နှင့် “အခြေခံခြင်းရက်သင်တန်း” များကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ရန်ကုန်
  • 19 May 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ စီမံမှုဖြင့် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကသင်တန်း နှင့် “အခြေခံခြင်းရက် သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၉-၅-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ် အားကစားခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မှော်ဘီမြို့နယ် ကရင်ဒုံးအဖွဲ့မှ ကရင် ရိုးရာဒုံးအကများဖြင့်လည်းကောင်း၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရိုးရာအက များဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။

ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကသင်တန်းကို (၁၉-၅-၂၀၂၆) မှ (၂-၆-၂၀၂၆) ရက်နေ့အထိ သင်တန်းသား(၈) ဦး၊ သင်တန်းသူ (၈) ဦး စုစုပေါင်း (၁၆)ဦးဖြင့်လည်းကောင်း၊  အခြေခံခြင်းရက်သင်တန်းကို (၁၉-၅-၂၀၂၆) ရက်နေ့မှ (၂၃-၅-၂၀၂၆) အထိ သင်တန်းသား (၅)ဦး၊ သင်တန်းသူ (၁၅)ဦး စုစုပေါင်း(၂၀)ဦး ဖြင့်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။