ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

20 MAY

တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်း အစီအစဉ်အခမ်းအနားကို ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ်

  • ရခိုင်ပြည်နယ်
  • 20 May 2026

         တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအစီအစဉ် ကို (၂၀-၅-၂၀၂၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးက အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဦးတင်လှက အသိပညာပေး ဟောပြောခြင်းဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေ၊  အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောကလိုထူး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ကလေးအထူးကုဆရာဝန်၊ ဒေါက်တာလှမူ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်နှင့် အမှတ်(၅) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးထွန်းထွန်းလတ်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပါသည်။

        ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်း ကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ရခိုင်၊ မရမာကြီး၊ ချင်း၊ ခမီ တိုင်းရင်းသား စုစုပေါင်း (၁၈၂)ဦး တို့က  စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။