ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

15 MAR

မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၆) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

  • ရှမ်းပြည်နယ်
  • 15 March 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၅-၃-၂၀၂၆)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက အမှာစကားပြောကြားပါသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်း (၂/၂၀၂၆) မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ပစ္စည်းများ၊ သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

          အဆိုပါ မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၆)တွင် ရှမ်း၊ ဗမာ၊ ပအိုဝ်း၊ အင်းသား၊ ပလောင်၊ ကရင်၊ လီဆူ၊ ကိုးကန့်၊ ရခိုင် စသည့်တိုင်းရင်းသားလူမျိုး စုစုပေါင်း (၂၀)ဦး တက်ရောက်သင်ယူခဲ့ပြီး  (၆-၃-၂၀၂၆) ရက်နေ့မှ (၁၅-၃-၂၀၂၆) ရက်နေ့အထိ (၁၀)ရက်တိတိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။