ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

05 MAY

နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကွန်ပျူတာသင်တန်း (၂/၂၀၂၆) ကိုဖွင့်လှစ်ပို့ချ

  • ရှမ်းပြည်နယ်
  • 05 May 2026

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရသစ်၏ ပထမရက်ပေါင်း(၁၀၀)အတွင်း  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန က တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကွန်ပျူတာသင်တန်း(၂/၂၀၂၆)ကို  (၄-၅-၂၀၂၆)ရက်နေ့ မှ (၄-၆-၂၀၂၆) ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

အဆိုပါသင်တန်းကို ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယန်း၊ ဗမာ၊ အင်းသား၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ရှမ်း၊ပလောင်၊ လီဆူ၊ ကရင် တိုင်းရင်းသား (၂၀)ဦး တို့က တက်ရောက်သင်ယူလျက်ရှိပါသည်။

၎င်းအပြင် တိုင်းရင်းသားများမုန့်မျိုးစုံထုတ်လုပ်နိုင်သော အသက်မွေးဝမ်းကျောင်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း(၄/၂၀၂၆) ကို (၂၆-၅-၂၀၂၆) ရက်နေ့မှ (၄-၆-၂၀၂၆) ရက်နေ့အတွင်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။