“အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်
- ကရင်ပြည်နယ်
- 14 July 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၄.၇.၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကမြိုင် (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အဆိုပါသင်တန်းကို (၁၄.၇.၂၀၂၆) ရက်နေ့မှ (၁၈.၇.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောင်ကမြိုင်ကျေးရွာမှ ဒေသခံတိုင်းရင်းသား အမျိုးသမီး(၃၀)ဦးတို့က တက်ရောက်သင်ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။