ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

20 JUN

"တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့်ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်” ကို မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • မန္တလေးတိုင်းဒေသကြီး
  • 20 June 2026

              တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသား ရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၂၀-၆-၂၀၂၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေ၊   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်တို့က သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပါသည်။

          ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းဟန်က ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါ သည်။