တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များဆန်းစစ် စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိ ပညာပေးခြင်းအစီအစဉ် ကျင်းပပြုလုပ်
- ကရင်ပြည်နယ်
- 09 June 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးကဦးဆောင်၍ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ် စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်းအစီအစဉ် ကို (၉-၆-၂၀၂၆) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး ၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်သူဇာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဘားအံခရိုင်ဦးစီးဌာနမှူး ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေအေး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးစောသော်တာလင်းသန့် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေးရှင်းလင်းဟောပြောခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား/သူများအား ဗဟုသုတ ဉာဏ်စမ်း မေးခွန်းများ မေးမြန်းကာဒေသ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် မေးခွန်းစစ်တမ်း များကို တက်ရောက်လာသူ (၁၅၀) ဦးအနက်မှ (၁၀၀) ဦးအား ကောက်ယူခဲ့ပြီး လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။