ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

04 JUL

တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို‌ ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ်

  • ရှမ်းပြည်နယ်
  • 04 July 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၄-၇-၂၀၂၆) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ဓမ္မဝိဒူ(အုပ်ဖို) ပရဟိတကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်က အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်၊  အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တောင်ကြီးမှ ဒုတိယ ရဲအုပ်ကျော်လင်းထိုက်၊ အမှတ်(၁၅)လူကုန်ကူးမှု တာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် တောင်ကြီးမှ ရဲအုပ်ဖြိုးဝေ၊  ‌တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေစန္ဒာမိုး၊ ဟိုပုံးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာတို့က သက်ဆိုင်ရာကဏ္ဍအလိုက်  အသီးသီးအသိပညာပေးရှင်းလင်း ပြောကြားခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက  ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ကယန်း၊ ပအိုဝ်း၊ တအာင်း(ပလောင်) တိုင်းရင်းသား (၁၀၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။