ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

02 FEB

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတို့ပူးပေါင်း၍ “တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာ သင်တန်း”

  • ပဲခူးတိုင်းဒေသကြီး
  • 02 February 2026

၁၃-၁-၂၀၂၆ ရက်နေ့၌  တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ “တိုင်းရင်းသားလူငယ်များအတွက်  စားသောက်ကုန် (Bakery) ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး လူငယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ သင်တန်းနည်းပြ၊ သင်တန်းသားများနှင့် ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဝန်ကြီးချုပ်၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၃-၁-၂၀၂၆ ရက်နေ့မှ ၁၆-၁-၂၀၂၆ ရက်နေ့အထိ သင်ကြားပေးခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို  ၁၇-၁-၂၀၂၆ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး လူငယ် စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းနည်းပြ၊ သင်တန်းသားများနှင့် ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။ ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားပြီးမြောက်ကြောင်း ကြေငြာခဲ့ပါသည်။