အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ်
- ရခိုင်ပြည်နယ်
- 12 January 2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသား လူငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၂-၁-၂၀၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆင့်မြင့်စက်ချုပ်သင်တန်းအတွက် ထောက်ပံ့ငွေများကို ရခိုင်ပြည်နယ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။
အဆင့်မြင့်စက်ချုပ်သင်တန်းကို (၁၂-၁-၂၀၂၆) ရက်နေ့မှ (၂၀-၂-၂၀၂၆) ရက်နေ့အထိ (၁) လ ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ(၃၀) ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။