ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၁/၂၀၂၆)နှင့် ကွန်ပျူတာသင်တန်း (၁/၂၀၂၆) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
- ရှမ်းပြည်နယ်
- 20 January 2026
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြား ရေးမှူးရုံးမှဦးစီး၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၁/၂၀၂၆) နှင့် ကွန်ပျူတာသင်တန်း(၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၉-၁-၂၀၂၆) ရက်နေ့ တွင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ဥပဒေချုပ် ဦးစိုင်း
ကျော်ဇံတို့က သင်တန်းသား/ သူများအား ပေးအပ်ခဲ့ပါသည်။ ထို့နောက်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ သင်တန်းများကို (၁၉-၁-၂၀၂၆) ရက်နေ့မှ (၄-၃-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ကရင်၊ လီဆူနှင့် တအာင်း(ပလောင်) စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသား (၄၁)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။