မီးဘေးအန္တရာယ် ကျရောက်လွယ်သော အချိန်ကာလဖြစ်သည့် ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိထိရောက်ရောက် တားဆီးနိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာန၊ ဥတ္တရသီရိခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်း၊ ဥတ္တရ သီရိမြို့နယ် ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် သဘာဝဘေးအန္တရာယ်(၉)မျိုးရှိသည့်အနက် မီးဘေး အန္တရာယ်ကြောင့် ဆုံးရှုံးနစ်နာမှုများမှာ (၇၅)ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ ဒါ့အပြင် မီးဘေး အန္တရာယ်သည် ရန်သူမျိုး(၅)ပါးတွင်လည်း အဆိုးဝါးဆုံးဖြစ်ပါကြောင်း၊ “မီး” ဆိုသည်မှာ အမျိုးအစားအမျိုးမျိုးရှိသလို မသုံးတတ်လျှင် ဘေး သုံးတတ်လျှင် အကျိုးပေါင်းများစွာ အကျိုးပြုနေပါကြောင်း၊ ယခုအခါ ပွင့်လင်းရာသီသို့ စတင်ရောက်ရှိလာပြီဖြစ်သည့် အလျောက် “မီးဘေးရှောင် မလောင်ခင်ကတား” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့ဝန်ကြီး ဌာနအတွင်း ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတို့သည် မီးဘေး ကြိုတင်ကာကွယ်ရေး စီမံချက် များကို စနစ်တကျပြီးပြည့်စုံစွာ ရေးဆွဲထားရှိရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ မီးသတ်ဦးစီး ဌာနမှ လာရောက်အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည့် အချက်အလက်များနှင့် လက်တွေ့သရုပ်ပြမှုများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းစီမံချက် ရေးဆွဲရာတွင် လက်တွေ့အကျိုးရှိရှိ ပြီးပြည့်စုံစေရန် ရေးဆွဲဘို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များသည် ထူးခြားဝိသေသလက္ခဏာ နှင့် ပြည့်စုံသည့် နိုင်ငံတော်၏အရန်တပ်ဖွဲ့ဝင်အင်အားများ ဖြစ်သကဲ့သို့ သက်ဆိုင်ရာ မိမိတို့ ဝန်ကြီးဌာနအပါအဝင် ကျန်ပရဟိတ လူမှုအဖွဲ့အစည်း အသီးသီးမှလည်း အရန်မီးသတ် အဖွဲ့ဝင်များအဖြစ် တက်ကြွစွာ စုဖွဲ့ပါဝင်၍ နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ် လုပ်ငန်းရပ်များကို အမျိုးသားရေးတာဝန် လုပ်ငန်းတစ်ရပ်အဖြစ် ခံယူပြီး မိမိတို့ ကျရာ အခန်းကဏ္ဍမှ ပါဝင်လျက် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် လိုက်နာဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဥတ္တရသီရိခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်း၊ ဥတ္တရသီရိမြို့နယ် ဦးစီးအရာရှိ ဦးစိုးသက်နောင်တို့က မီးဘေးလုံခြုံရေးအသိပညာများကို Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများကလည်း လက်တွေ့ပါဝင် စမ်းသပ်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင် ဘာလ (၂၄) ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အနော်ရထားလမ်း၊ မင်းကံကြီးရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မကွေး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့ပါသည်။ ၎င်းနောက် မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက်(၉)ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက် တွန်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင် ရာဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှု များကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့်ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်း များကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်း သားများ၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်း ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့်တိုင်းရင်းသားရေးရာနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်း သားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင် ရာတိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှု အသင်းအဖွဲ့များအနေဖြင့် မိမိတို့၏တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်စွာ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက အသေးစိတ် ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် (၅) သိန်းစီ အသီးသီး ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၈) ကြိမ်မြောက်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိတိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဒက္ခိဏရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာယကထံမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များကပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်တော်မူကြပါသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဇနီးနှင့်မိသားစု နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် မန္တလေးမဟာအောင်မြေ ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ၊ တိပိဋက ဥဘတော ဝိဘင်္ဂဓရဘဒ္ဒန္တဝိလာသသိရီ ထံမှ ကထိန်အနုမောဒနာတရားများ နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အရာထမ်း၊ အမှု ထမ်းများ အားလုံးနှင့်အတူတကွ နေ့လယ်စာကို လက်ရည်တပြင်တည်း သုံးဆောင်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင် ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသား လူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဌာန်းထား ရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပီပီပြင်ပြင်နှင့် စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ (၆) ရက်နေ့ နံနက်ပိုင်းတွင်ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထောင်ဝိကွင်းတွင် ကျင်းပပြုလုပ်သည့် ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့၊ မြေဩဇာများပေးအပ်ခြင်းနှင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို တက်ရောက်အားပေးကြပါသည်။ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တောင်သူများအား နေကြာမျိုးစေ့နှင့် မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးကြပါသည်။မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တွေ့ဆုံအမှာစကားပြောကြားပါသည်။ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကရင်၊ မွန်၊ ဗမာ၊ ရှမ်းနှင့် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ကရင်ပြည်နယ် အတွင်းရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဗမာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ (၅) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများအားတွေ့ဆုံအမှာစကား ပြောကြားပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားခဲ့ပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြှင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့် ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးတို့အပြင် နိုင်ငံတော်နှင့်ပြည်သူအပေါ် သစ္စာထားရှိတတ်ရန် အထူးအလေးဂရုပြုရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးလိုက်နာရန်လိုအပ်သည့်အပြင် အထူးသဖြင့် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသား လူမျိုးရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပီပီပြင်ပြင်နှင့် စနစ်တကျမှန်ကန်စွာ ဆောင်ရွက်တတ်ပါက လမ်းမှားသို့ မရောက်နိုင်ကြောင်း၊ ဒါ့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကို လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။နေ့လယ် (၁၅:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း တည်ဆောက်ပြီးစီးခဲ့သော ဆိပ်ခံဗောတံတားကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပြည်ထောင်စုဝန်ကြီး၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ခဲ့သောခရီးစဉ်၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ၊ ပြည်ထောင်စုခန်းမနှင့် နန်းမြင့်မျှော်စင်တို့၏ ပြုပြင်ထိန်းသိမ်းမွမ်းမံရေး ဆောင်ရွက်ရမည့် လုပ်ငန်းညွှန်ကြားချက်များအပေါ်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးနောက် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲ (၂/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအားလုံး မိသားစုစိတ်ဓာတ်ဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ယခုတွေ့ဆုံပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်း လိုက်နာရန်နှင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေ့ရှုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ တင်ပြလိုသည်များကို ယနေ့တွေ့ဆုံပွဲတွင် ပွင့်လင်းစွာ တင်ပြစေလိုကြောင်း ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ တင်ပြလိုသည်များကို ပွင့်လင်းစွာ တင်ပြကြရန် ဖြစ်ပါကြောင်း၊ ထို့အပြင် အကြံပြုစာပုံးကိုလည်း ထားရှိပြီးဖြစ်သဖြင့် လွတ်လပ်စွာ အကြံပြုစာ ထည့်နိုင်ပါကြောင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ပေးအပ်သည့် တာဝန် များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာ တို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းကျင့်ကြံ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အဂတိတရား (၄) ပါးကိုလည်း ရှောင်ရှားရမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် အခြေခံလျက် နိုင်ငံ့အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြပါရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် မိမိတို့၏ မှန်ကန်သောအသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ကျရာကဏ္ဍမှ ပေးအပ်လာသော တာဝန်များကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားရန် နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန (၂) တွင် နိုင်ငံတော်အဆင့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထိုအခမ်းအနားသို့ ပြည်နယ် (၇)ခုမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာအကအလှများဖြင့် လာရောက်ကပြဖျော်ဖြေကြမည်ဖြစ်ပါသည်။ လာရောက် ကပြဖျော်ဖြေကြမည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များသည် အောက်တိုဘာလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် နေပြည်တော်သို့ ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြိုဆိုပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များအား တွေ့ဆုံနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တစ်ဖွဲ့လျှင် ကျပ် (၁၀)သိန်းတိတိ ထောက်ပံ့ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီးဖြင့် လိုက်လံ နှုတ်ဆက်ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၏ ကျန်းမာရေးကိစ္စရပ်များအတွက် ဆေးပေးခန်း၊ လိုအပ်သည့်ဆေးဝါးများ ထားရှိမှုအခြေအနေများနှင့် ဧည့်ခံကျွေးမွေးမည့် စားရိပ်သာ ဆောင်အတွင်း အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုက်နာပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ရိုးသား ကြိုးစား သစ္စာရှိစွာဖြင့် ထမ်းဆောင်ကြရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် နိုင်ငံ့အ‌ရေးကို ဆောင်ရွက်သည့် နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်များဖြစ်သလို တစ်နည်းအားဖြင့် ပြည်သူ့ဝန်ထမ်းများလည်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ခန့်အပ်တာဝန် ပေးအပ်ထားသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များမှစ၍ သစ္စာရှိရှိ လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အဆင့်ဆင့် တာဝန်ခံ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ အကောင်းဆုံး ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြရန်နှင့် အပြုသဘောဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် ဝန်ထမ်းများအားလုံးက ကြိုးပမ်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းတွင် ခင်းကျင်းပြသမည့်ပြခန်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်း သားရိုးရာအကအဖွဲ့များနှင့် စပ်လျဉ်းသည့် ကြိုဆိုနေရာချထားရေးနှင့် အုပ်ချုပ် မှုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမအတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံဌာနေ ကရင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ သံဃာတော် ဆရာတော်များနှင့် အထူးဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ကြပါသည်။ ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည် (၉) ချက်တီးပြီး ကရင်လူငယ် (၉) ဦးတို့က ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း (၁) ရက်နေ့မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ ရှိကြသည့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသား ဘိုးဘွားမိဘများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြသည့် မင်္ဂလာတရားများနှင့် ပြည့်စုံသည့် ရိုးရာအမွေအနှစ်တစ်ခုပင်ဖြစ်ပါကြောင်း၊ မိသားစုများအားလုံး စည်းစည်း လုံးလုံးဖြင့် ပြန်လည်တွေ့ဆုံပြီး လက်ရည်တပြင်တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများတိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ များကို ထိန်းသိမ်းဖော်ထုတ်ခြင်းတို့ဖြင့် ထူးမြတ်သည့်မင်္ဂလာအခမ်းအနားဖြစ်ပါကြောင်း၊ “ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့်” မကောင်းသည့်ဖြစ်ပျက်မှု၊ ဖြစ်စဉ်အကြောင်းအရာများ ပျောက်ပျက်ပြီး ကောင်းမွန်သည့်မင်္ဂလာတရားများ မိမိတို့ထံ သက်ဝင်ရောက်ရှိလာစေရန် ဆောင်ရွက်ကြသည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ ပွဲတော်အတွက် လိုအပ်သည့်အရာများမှာ ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေနှင့် ကြံပိုင်းတို့ဖြစ်ကြပြီး စနစ်တကျဆောင်ရွက်သည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ ဤအရာ များကိုကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏စနစ်တကျစုပေါင်းညီညာ ဆောင်ရွက် တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များ လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှု များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်တတ်မှုများကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားနည်းတူ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းသည့် ပွဲတော်များကိုလည်း အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ စည်းလုံးခြင်းသည်အင်အား၊ ပြည့်အင်အားသည် ပြည်တွင်း၌ သာရှိသည့် အတွက်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်နှင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ ပြည်ထောင်စု အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည် သာယာဝပြောရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် များကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့ကျင်းပသည့် ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပေးကြသည့် ပြည်ထောင်စုဖွား ကရင်တိုင်းရင်းသားများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့်ပြည်စုံကြပါစေကြောင်းနှင့် ရပ်ရွာအကျိုး၊ တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုးအတူတကွ မိမိတို့ကျရာကျရာအခန်း ကဏ္ဍမှ တာဝန်ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ရိုးရာအိုး စည်အက၊ ကရင်ရိုးရာ တိုက်ကြီးမြို့နယ် ကရင်ရိုးရာဒုံးယိမ်းအကနှင့် မှော်ဘီမြို့နယ် ကရင်ဝါးညှပ် အကများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ တိုင်းရင်းသားဝန်ထမ်းများက စည်းလုံးခြင်းအတွက်သီချင်းဖြင့် ရိုးရာအကအလှများကို တင်ဆက်ဖျော်ဖြေခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်တို့က ပွဲတော်ကျင်းပရေးကောင်မတီနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကရင်ဘိုးဘွားများက အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးတို့ကို ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ ကြပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲ့များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဆိပ်ခံဗောတံတားကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဆိပ်ခံဗောတံတားတည်ဆောက် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များနှင့် နန်းမြင့်မျှော်စင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များသည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အချို့သောကို သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာ ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက်ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှု ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက်လေ့လာကြည့်ရှုသည့် ပြည်သူလူထု များကိုလည်း စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် စနစ်တကျ ရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ဥယျာဉ်သဖွယ် စိန်းလမ်းစိုပြည် သာယာလှပရေးအတွက် ယခုထက်ပိုမိုပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် လုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသွားရန်လိုအပ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်ဘဏ္ဍာငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်နှင့် မသမာမှုများမရှိစေရေးကို အလေးဂရုပြုရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်း များသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ စွမ်းဆောင်ရည်မြှင့်မားကြရန်လိုအပ် ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအဆင့်မြှင့်တင်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အနီးကပ်ကြီးကြပ်ကွပ်ကဲပြီး ကူညီပံ့ပိုးခဲ့သည့် အစဉ်အလာ ကောင်းများရှိခဲ့၍ ရှေ့ဆက်ပြီး အကောင်းဆုံးအနေအထားပုံစံဖြစ်အောင် လက်တွဲပေါင်းစပ် ညှိနှိုင်းဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသား လူမျိုးရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်တတ်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများပီပီ ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)အပြင် ခြိုးခြံချွေတာရေးမူများကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်နှင့် ဒို့တာဝန်အရေး(၃)ပါးတို့ကို မထိခိုက် စေဘဲ လိုက်နာကျင့်သုံးကြရမည်ကိုလည်း အထူးအလေးထားဂရုပြုရမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း များတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာလိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဩဂုတ်လ (၂၆) ရက်နေ့နှင့် ၂၇ ရက်နေ့များတို့တွင် တိုင်းရင်းသား လူမျိုး များရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနေဒေသအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။တွေ့ဆုံပွဲအခမ်းအနားတွင်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ဌာနေဒေသတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံ အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက် ခြင်းနှင့်စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်ထားရာ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် တစ်နိုင်ငံလုံး (၂၂၄၅) ဦးအနက် စုစုပေါင်း (၇၂၄)ဦး ရွေးချယ်ခံရသည့်အတွက် (၃၂.၂၅)% ရရှိထားသည်ကို တွေ့ရှိရပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်ထားရာ၌ တစ်နိုင်ငံလုံး (၂၂၄၅) ဦးအနက် စုစုပေါင်း (၈၈)ဦး ရွေးချယ်ခံရသည့်အတွက် (၃.၉)% ရရှိထားသည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့် တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာ၏ အဓိကလုပ်ငန်း ဖြစ်သည့် တိုင်းရင်းသားရေးရာနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများ အကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ တာဝန်ခွဲဝေ အပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်စွာ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ချင်း(အရှို)စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရခိုင်စာပေနှင့်ယဉ်ကျေးမှု အသင်းနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့က တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်သော ဦးစောလင်းခယ်နှင့် ဦးစောလင်းအောင်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ထပ်မံပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က ကရင်၊ ချင်း (အရှို)၊ မွန်နှင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များတို့အား တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပါသည်။ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မှာကြားရာတွင် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ စနစ်တကျမှန်ကန်စွာ ဆောင်ရွက် တတ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများပီပီ ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)အပြင် ခြိုးခြံချွေတာရေးမူများကိုလည်း အထူးလိုက်နာ စောင့်ထိန်း တတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေများ ထိခိုက်နစ်နာမှု မဆုံးရှုံးစေရေးအတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့်အညီ စနစ်တကျ သုံးစွဲတတ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှို့ဝှက်အက်ဉပဒေများကိုလည်း အစဉ်မမေ့မလျော့ သတိရှိစွာဖြင့် လိုက်နာရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းဘဝ တိုးတက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အချင်းထက်မြက်ရေး အတွက် လေ့လာသင်ယူဆည်းပူးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်အပြင် မိမိရာထူးအဆင်အတန်းနှင့်လျော်ညီစွာ လုပ်ငန်းတာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်တတ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ၌ မိမိတို့ကျရာကဏ္ဍမှ မွန်မြတ်သောအပြုသဘော စိတ်ထားဖြင့် အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံပွဲ (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများတွင် အထက်အကြီးအကဲ အရာထမ်းများနှင့် အမှုထမ်း ဝန်ထမ်းများအားလုံး မျက်နှာချင်းဆိုင် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရင်ဆိုင်တွေ့ကြုံနေ ရသည့် အခက်အခဲများကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက် နိုင်ရန် ယခုတွေ့ဆုံပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းရည်မှန်းချက်မှာ သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှု စီးပွားဘဝမြင့်မားတိုးတက်စေရန် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ တိုင်းပြည်သာယာဝပြောရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေရန် တိုင်းရင်းသားနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် အထူးသဖြင့် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန်လည်း လိုအပ်ပါကြောင်း၊ ဝန်ထမ်းရေးရာနှင့် ဌာနလုပ်ငန်းကိစ္စ ရပ်များ၊ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ တင်ပြလိုသည်များကို ယနေ့တွေ့ဆုံပွဲတွင် ပွင့်လင်းစွာ တင်ပြကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး နှင့်မြန်မာနိုင်ငံကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ရှင်းလင်းဆွေးနွေးပြီး ယနေ့ခေတ် လူငယ်များသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအမှန်ကို သိရှိရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် မိမိတို့၏ အရည်အသွေး မြှင့်တင်နိုင်ရန်အတွက် ရိုးသားခြင်း၊ ကြိုးစားခြင်း၊ လုံ့လဝီရိယရှိခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း၊ စည်းစနစ်ကျနမှုရှိခြင်းတို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ၊ ဝန်ထမ်း၊ ပြည်သူများအားလုံး ညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏မူဝါဒနှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို ခံယူလျက် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံ့အကျိုးများကို ရှေ့ရှုပြီး ကျရာကဏ္ဍမှ ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည် တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းမှာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက တင်ပြလာသည့် လုပ်ငန်း ဆောင်ရွက်ချက်များအပေါ်မူတည်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်တို့ကို ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများ၏ လုပ်ငန်း စွမ်းဆောင်ရည်သည် လွန်စွာအရေးကြီးပြီး မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်များ၏ နယ်မြေအခြေအနေအလိုက် ဖြစ်ပေါ်လာ နိုင်သည့် တိုင်းရင်းသားရေးရာကိစ္စများကို လိမ္မာပါးနပ်စွာ၊ ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝစွာဖြင့် ဖြေရှင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် သင့်သည်များကို ပြင်ဆင်သွားကြရန် ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနသည် နှီးနွယ်ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများအနေဖြင့် နိုင်ငံတော်မှ ပြဌာန်းထားရှိသည့် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀)ပါးနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်းလိုက်နာပြီး မိမိတို့၏ ရှေ့လုပ်ငန်းစဉ် လုပ်ငန်းတာဝန်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူလျက် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က တာဝန်ခံများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ စာရင်းများ ပြုစုရေးဆွဲရေးနည်းစနစ်တို့ကို ကျေညက်စွာ ဖတ်ရှုသိရှိထားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာ တွင် သတိရှိရှိ ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန်အမှီသဟဲပြုနေသဖြင့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရန်နှင့် မိမိတို့၏လုပ်ငန်းစွမ်း ဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို တင်ပြကြပါသည်။ ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာအပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက ခြုံငုံသုံးသပ် ဆွေးနွေးပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ၏ စတုတ္ထအကြိမ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း မြှင့်တင်ခြင်း၊ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မား တိုးတက်စေရန်ဖြစ်ပြီး အဆိုပါရည်မှန်းချက်ကို နိုင်ငံတော်က ထုတ်ပြန်ထားသည့်ဥပဒေများနှင့် အညီ အလေးဂရုပြု အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခင်ကျင်းပ ခဲ့သည့် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး များတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေအရ တိုင်းရင်းသားရေးရာကိစ္စ များကို လျင်မြန်စွာ ဖြေရှင်းအကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးက ဥပဒေနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ညှိနှိုင်း၍ လုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ ယခု စတုတ္ထအကြိမ်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားဘာသာစာပေ သင်ကြားရေး အထောက်အကူပြု ဆရာ ဆရာမများ(TA) နှင့် တိုင်းရင်းသားစာပေသင် ဆရာ ဆရာမများ (LT)ရွေးချယ်ခန့်ထားရေး ဆိုင်ရာ စံပြုအချက်များ (SoP) ရေးဆွဲရေးကိစ္စ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲမှုဗဟိုကော်မတီမှ သဘောထားမှတ်ချက် တောင်းခံလာသည့်လုပ်ငန်း စာတွဲများဆိုင်ရာ ဆောင်ရွက်ရမည့် စံပြုအချက်များ(SoP)ရေးဆွဲရေးကိစ္စ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းအတွက် စိစစ်ရေးဆိုင်ရာ စံပြုအချက်များ (SoP)ရေးဆွဲရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများရေးရာ အသိပညာပေး ဟောပြောခြင်းများ၊ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ရပ်ရွာအခြေပြု သက်မွေးပညာလိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် သက်မွေးပညာသင်တန်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဘဏ္ဍာရန်ပုံငွေမှကူညီပံ့ပိုးနိုင်ရေးကိစ္စရပ်များ၊ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ် နေ့တွင် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ” နှင့်အတူ ဖွင့်လှစ်မည့် သင်တန်းများအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ ကူညီနိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ Web Portal တွင် တိုင်းရင်းသားဘာသာ(၇)မျိုးဖြင့် လွှင့်တင်နိုင်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုပေးကြရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ လူမှုရေး ဦးတည်ချက် (၄) ရပ်တို့နှင့်အညီ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ အကျိုးကိုရှေးရှုပြီး စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက TA နှင့် LT ဆရာ ဆရာမများ ခန့်ထားရေးကိစ္စ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများဆိုင်ရာ သဘောထားမှတ်ချက် တောင်းခံသည့်ကိစ္စများ၊ ဝန်ကြီးဌာန၏ Web Portal တွင် တိုင်းရင်းသားဘာသာစာပေများဖြင့် ဘာသာပြန်ဆို လွှင့်တင် နိုင်ရေးကိစ္စများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများက ပြည်ထဲရေးဝန်ကြီးဌာနသို့ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေး သတ်မှတ်ထားရှိသော ဥပဒေနှင့်အညီ လျှောက်ထားရာတွင် မိမိတို့ဝန်ကြီးဌာနမှ သဘောထားမှတ်ချက်တောင်းခံသည့်ကိစ္စနှင့်ပတ်သက် သည့် စံပြုအချက်များ (SoP) ရေးဆွဲရေးကိစ္စများ၊ တိုင်းရင်းသားရေးရာဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ခြုံငုံသုံးသပ် ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့သည် ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပါက တိုင်းရင်းသားရေးရာကိစ္စများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က အစည်းအဝေးမှ ရရှိသည့် ဆုံးဖြတ်ချက်များကို ပြန်လည်တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ငါးမျိုးပြုန်းတီးမှု မရှိစေရေးတို့ကို ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပသည်။ အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်များကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြသည်။ ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးသားပေါက်ကောင်ရေ စုစုပေါင်း (၇၀၀၀) ကို ငါးမျိုး စိုက်ထည့် မွေးမြူခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန်