ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁။ ကြက်သား(အိမ်ကြက်) (၃၀)သား
၂။ နနွင်း အနည်းငယ်
၃။ မရမ်းပြား (၅) ပြား
၄။ ကြက်သွန်နီ (၂) လုံး
၅။ ကြက်သွန်ဖြူ (၁) လုံး
၆။ စပါးလင် (၁) ပင်
၇။ ငရုတ်သီးစိမ်း (၁၀) တောင့်
၈။ ဆီ အနည်းငယ်
၉။ ရှမ်းနံနံ အနည်းငယ်
၁၀။ မျှင်ငါးပိ လက်ဖက်စားဇွန်း(၁) ဇွန်း
ပထမဦးစွာ အနေတော်တုံးထားသည့် ကြက်သား (အိမ်ကြက်) ကို ရေဆေးသန့်စင်၍ ချက်မည့် အိုးထဲထည့်ပြီး ဆား၊ နနွင်းအနည်းငယ်၊ မျှင်ငါးပိအနည်းငယ်၊ ဆီအနည်းငယ်ထည့် ကာ သမအောင်ရောမွှေပေးရမည်။ ထိုနောက် စပါးလင် (၁) ပင်ထည့်ပြီး ရေအနည်းငယ်နှင့် အရင်တည် ထားရပါမည်။ ကြက်သားပြုတ်ထားသည့် အရည်ဆူလာသည့်အခါ ရေကို မိမိလို သလောက်ထပ်ထည့်ပေးပါ။ တည်ထားစဉ် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် မရမ်းပြားတို့ကိုရောထောင်းထားရပါမည်။ ဟင်းရည်ဆူပွက်လာသည့်အခါ ထောင်းထားသော အရာများကို ထည့် ပြီးမွှေပေးရပါမည်။ မိနစ်အနည်းငယ် ကြာသောအခါ ဟင်းခတ်အမွှေး အကြိုင်အနေဖြင့် ရှမ်းနံနံအနည်းငယ်ထည့်ပါ။ ထိုအခါ အနံ့အရသာထူးကဲပြီး ခံတွင်းမြိန်စေ မည့် မွန်ရိုးရာ ကြက်သောက်ဆမ်းကို ရရှိမည်ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်