ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁။ ကဘီလူးငါး (၃၀) သား
၂။ ကြက်သွန်နီ (၃) လုံး
၃။ ကြက်သွန်ဖြူ (၁) လုံး
၄။ မရမ်းပြား (၅) ပြား
၅။ ငရုတ်သီးစိမ်း (၁၀) တောင့်
၆။ ရှောက်ရွက် အနည်းငယ်
၇။ ဆား အနည်းငယ်
၈။ ဆီ ဟင်းစားဇွန်းနှစ်ဇွန်း
၉။ နနွင်း အနည်းငယ်
ရှေးဦးစွာ ကဘီလူးငါးကိုနုတ်နုတ်စင်းရပါမည်။ စင်းပြီးပါက မရမ်းပြားဖြင့်ကြာကြာ လေးနယ်ပြီး နှပ်ထားပေးရပါမည်။ ငါးနှပ်ထားစဉ် ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ငရုတ်သီး စိမ်း၊ရှောက်ရွက်တို့ကိုပါးပါးလှီးထားပါ။ ထို့နောက် နှပ်ထားသည့်ငါးကို အရည်ညှစ်ပြီး ဆီအပူ ထဲတွင် နနွင်းထည့်ပြီး အနည်းငယ်လှိမ့်ပေးရပါမည်။ ထို့နောက် ငါးဖယ်ပြီး ကျန်ခဲ့သည့် အရည်ကို ပျစ်လာသည့်အထိ ကျိုပေးရပါမည်။ ပြီးပါက လှိမ့်ထားသော ငါးကို ပန်းကန်ပြား တစ်ချပ်ထဲသို့ ထည့်ပြီး ပါဝင်ပစ္စည်းများ၊ ကျိုထားသောငါးအနှစ်နှင့်ဆားအနည်းငယ်တို့ကို ရောထည့်ပြီး သမအောင်နယ်ပေးရပါမည်။ ထိုအခါ အနံ့အရသာနှင့်ပြည့်စုံပြီး ခံတွင်းမြိန်စေ သည့် မွန်ရိုးရာ ငါးစိမ်းကောကို ရရှိမည်ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်