ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁။ ဆန်ချော (၂) ဗူး
၂။ ကြက်ဥ (၂) လုံး
၃။ သကြား (၂၅) ကျပ်သား
၄။ ဆော်ဒါ အနည်းငယ်
၅။ အုန်းသီး (၁) လုံး
၆။ မြေပဲ (၅) ကျပ်သား
၇။ ဆား အနည်းငယ်
၈။ ပဲဆီ (၁၀) ကျပ်သား
၉။ နှမ်း အနည်းငယ်
၁၀။ ဘိန်းစေ့ အနည်းငယ်
ပထမဦးစွာ ကြိတ်ထားသည့် ဆန်နှစ်ထဲသို့ ကြက်ဥ၊ ဆား၊ သကြား၊ ဆော်ဒါ တို့ကိုအ နည်းငယ်စီ ထည့်ပြီးနှံ့အောင်မွှေပေးရပါမည်။ ပြီးလျှင် ဒယ်အိုးကို ဆီသုတ်ပြီး မုန့်နှစ်ထည့် ရပါမည်။ မုန့်နှစ်ပေါ်တွင် အရသာရှိစေရန် အုန်းသီး၊ အရသာစိမ့်စိမ့် လေးဖြစ်စေရန်မြေပဲနှင့် အနံ့မွှေးစေရန်နှမ်းတို့ကိုထည့်ပေးရပါမည်။ ဘိန်းမုန့်လုပ်ရာတွင် ဘိန်းစေ့ကိုလည်း မပါ မဖြစ် ထည့်ပေးရပါမည်။ ဘိန်းစေ့ထည့်ခြင်းအားဖြင့် ဘိန်းမုန့်အနံ့မွှေးခြင်းနှင့် စားလိုက်လျှင် လျှာပေါ်မှာ ဖောက်ဖောက်မြည်နေ ခြင်းကြောင့် စားသုံးသူကို အရသာတစ်မျိုးထူးကဲစေ ပါသည်။ အားလုံးပြီးပါက ဘိန်းမုန့် တူးကပ်မသွားစေရန် မီးကို ဂရုစိုက်ထိုးပေးပါ။ ထိုအခါ အချိန်အခါမရွေးစားသုံးနိုင်သည့် ဗမာရိုးရာဘိန်းမုန့်ကို ရရှိမည်ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်