ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ပါဝင်ပစ္စည်းများ
၁။ ကြက်သား (၆၀)သား
၂။ ဘူးသီး (၁)လုံး
၃။ စပါးလင် (၂)စည်း
၄။ ငရုတ်သီးစိမ်း (၁၀)တောင့်
၅။ ငရုတ်သီးအစိမ်းမှုန့် (အနည်းငယ်)
၆။ ချင်း (အနည်းငယ်)
၇။ ကြက်သွန်ဖြူ (၈)မွှာ
၈။ ကြက်သွန်နီ (၃)လုံး
၉။ ဆီ (၂၀)ကျပ်သား
၁၀။ဆား (အနည်းငယ်)
၁၁။ အရသာမှုန့် (အနည်းငယ်)
၁၂။ နံနံပင် (အနည်းငယ်)
၁၃။ နနွင်း (အနည်းငယ်)
ရေဆေးထားသော ကြက်သားကို နနွင်းနှင့် ဆားအနည်းငယ်ထည့်နယ်ပြီး နှပ်ထားရ ပါမည်။ ဆီသတ်ချက်ရန်အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးအစိမ်းမှုန့် အနည်း ငယ် တို့ကိုထည့်၍ ညက်အောင်ရောထောင်းထားရပါမည်။ အိုးကို မီးဖိုပေါ်တင်ပြီး အိုးပူလာ လျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ထားပြီး အသင့်နယ်ထားသော ကြက်သား ထည့်ပြီး မွှေရပါမည်။ အနံမွှေးစေရန် ဓါးပြားရိုက်၍ ချည်ထားသော စပါးလင်ကို ထည့်ရပါမည်။ ကြက်သား နူးစေရန် ရေအနည်းငယ်ထည့်၍ တည်ထားရပါမည်။ ကြက်သားနူးလာလျှင် အဆင် သင့် လှီးထား သည့် ဘူးသီးကို ထည့်ချက်ရပါမည်။ ကြက်သားနှင့် ဘူးသီးနူးလာလျှင် ငရုတ်သီး စိမ်းနှင့် နံနံပင်ကို ထည့်ရပါမည်။ ထို့နောက် မြေအိုးနံ့သင်းသော အနံ့အရသာနှင့် ပြည့်စုံသော ကြက်ကာလ သားချက်ကို ရရှိမည်ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်