ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁။ ငါးစင်ရိုင်း (၈၀)သား
၂။ သပြုသီး (၁၀)လုံး
၃။ ဆီ (၂၀)သား
၄။ ငရုတ်သီးခြောက် (၂၀)သား
၅။ ချင်း (အနည်းငယ်)
၆။ ကြက်သွန်နီ (၃)လုံး
၇။ ကြက်သွန်ဖြူ (၁၀)မွှာ
၈။ ပင်စိမ်း (အနည်းငယ်)
၉။ ဆား (အနည်းငယ်)
၁၀။ မျှင်ငပိ (အနည်းငယ်)
၁၁။ နနွင်း (အနည်းငယ်)
သပြုသီးအရင့်များကိုဖယ်ပြီး အနုများကို အသုံးပြုရပါမည်။ သပြုသီးမှ အဖန် ဓာတ်များလျော့ပါးစေရန် သပြုသီးကိုပါးပါး လှီး၍ ပြုတ်ထားရပါမည်။ ငရုတ်သီးခြောက် ထဲသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကိုလည်း ထည့်ထောင်းရပါမည်။ ဆား၊ နနွင်း အနည်းငယ်နှင့် မျှင်ငပိတို့ကိုပါ ထည့်ထောင်းရပါမည်။ ဒယ်အိုးကို မီးဖိုပေါ်တင်၍ ထောင်း ထား သည့် ပစ္စည်းများကို အိုးထဲသို့ထည့်၍ ဆီသတ်ရပါမည်။ ဆီသတ်ပြီးလျှင် ငါးစင်ရိုင်း နှင့် သပြုသီးများကိုပါ ရောထည့်ပြီး ရေထည့်ရပါမည်။ ငါးစင်ရိုင်းနှင့် သပြုသီးနူးလျှင် ပင်စိမ်း ထည့်၍ အိုးအဖုံးကို ဖုံးထားရပါမည်။ ထို့နောက် ထမင်းမိန်စေသည့် ရခိုင်ရိုးရာ ငါးစင်းရိုင်း သပြုသီးချက်ကို ရရှိမည်ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်