ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ပါဝင်ပစ္စည်းများ
၁။ ရှပ်ခရုခြောက်
၂။ ဆီ
၃။ ငံပြာရည်
၄။ မရမ်းပြား
၅။ သံပုရာသီး
၆။ ရှောက်ရွက်
ချက်ပြုတ်ပုံအဆင့်ဆင့်
ရှပ်ခရုသုပ်ရန်အတွက် ရေကိုဆူအောင် တည်ထားရပါမည်။ ရေဆူလာလျှင် ခရုခြောက်ကို ကျက်အောင် ပြုတ်ရပါမည်။ ခရုကျက်လျှင် ခရုထဲကအမည်းဆံများကို ဖယ်ထုတ်ပြီး ရေဆေး သန့်စင်ပါမည်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ချက်ထားရပါမည်။ ရေဆေးသန့်စင်ထား သော ရှောက်ရွက်နှင့်ကြက်သွန်နီကို ပါးပါးလှီးထားရပါမည်။ မွန်ရိုးရာရှပ်ခရုသုပ်မှာ ပဲလှော် ထည့်သုပ်ရမှာ ဖြစ်သည့်အတွက် ပဲလှော်ကိုလည်း ထောင်းထားရပါမည်။ ချဉ်ငံစပ်အရသာ ရစေရန်အတွက် မရမ်းပြားကို ရေအနည်းငယ်နှင့် ခြေပြီးထည့်ရပါမည်။ အနံ့အရသာပြည့်စုံအောင် သံပုရာသီးလည်း ထည့်ပါမည်။ ပါဝင်ပစ္စည်းများအားလုံးထည့်၍ သမအောင်ရောနယ်ပြီးလျှင် မွန်ရိုးရာရှပ်ခရုသုပ်ချဉ်စပ်ကို သုံးဆောင်နိုင်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်